Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home နွေဦးတော်လှန်ရေး

ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့က တိုက်နယ်အမှတ် (၂) အတွက် စံဈေးနှုန်း သတ်မှတ် ကြေညာ

idigital news by idigital news
September 11, 2021 - Updated on March 3, 2022
Reading Time: 1 min read

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ်(၂) အတွင်းရှိပြည်သူများ အနေဖြင့် တော်လှန်ရေးကြားကာလ အချိန်တွင် ဒေသတွင်း ကုန်စည် ဈေးနှုန်းကို စံဈေးနှုန်းတစ်ခု သတ်မှတ်ရောင်းချ၀ယ်ယူနိုင်ရန် သတ်မှတ်ဈေးနှုန်းကို ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ယနေ့တွင် ကြေညာသည်။

ပြည်သူများအနေဖြင့် တကွဲတပြားမဖြစ်‌စေဘဲ တပြေးညီဖြစ်စေကာ မည်သူတစ်ဦး တစ်ယောက်မျှသာသည်၊ နာသည်မဖြစ်စေရန် ကုန်ဈေးနှုန်းများကို သတ်မှတ်လိုက်ကြောင်း တိုက်နယ်အမှတ်(၂)ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

မင်းတပ်မြို့နယ်မှာ တိုက်နယ် ကိုးခုရှိတယ်။ အခု လို တိုက်နယ်အလိုက် လုပ်ပိုင်ခွင့်ပေးထားတဲ့ သဘောပေါ့ ။ တစ်မြို့နယ်လုံး ရဲ့ ပြည်သူအုပ်ချုပ်ရေး အဖွဲ့က ဈေးနှုန်းကိစ္စ ဝင်ရောက် စွက်ဖက်တာ မရှိဘူး။ ကိုယ့်တိုက်နယ် အလိုက်စံသတ်မှတ်နှုန်းတွေပေါ့ တချို့ တိုက်နယ်တွေကလည်း ဒီလိုစံသတ်မှတ်နှုန်းတွေထုတ်လာတယ်ဆိုတော့ ဖက်ဒရယ်အရိပ် အငွေ့တွေ တွေ့လာရတဲ့အတွက် ဝမ်း သာရပါတယ်။

တိုက်နယ်အမှတ် (၂) ဒေသခံတစ်ဦး

အဆိုပါထုတ်ပြန်ချက်တွင်” ကြက်မတစ်ကောင်အမြင့်ဆုံးဈေး ၁၅,၀၀၀ကျပ်၊ ကြက်ဖတစ်ကောင် အမြင့်ဆုံးဈေး၂၅,၀၀၀ကျပ်၊ ဝက်သား၁ပိဿာ ၈,၀၀၀ကျပ်၊ ဝက်အကောင်သုံးဆုပ်လျှင်၁၀၀,၀၀၀ကျပ်၊ ဝက်အကောင်လေး ဆုပ်လျှင်၂၀၀,၀၀၀ကျပ်၊ညနွားနောက်အသား၁ပိဿာ ၁၂,၀၀၀ကျပ်၊ နွားနောက်မကြီး အမြင့်ဆုံးဈေး၉၀၀,၀၀၀ကျပ်၊ နွားနောက်ထီးကြီး အမြင့်ဆုံးဈေး၁,၄၀၀,၀၀၀ကျပ်၊ တောင်ပေါ်ရိုးရာ ဆန် တစ်ပြည်လျှင် ၂၀၀၀ကျပ်နှင့် နေ့စားလုပ်အားခအဖြစ်မနက် ၈နာရီမှ ညနေ၄နာရီအထိ ၆,၀၀၀ကျပ်သတ်မှတ်ထားပြီး တစ်နပ်စာ ကျွေးမွေးရမည်”ဟု ပါရှိသည်။

ယင်းဒေသ၌ အကောင်၏ အလျားတိုင်းထွာရာတွင် လက်တစ်တောင်ကို လက်ဝါးဖြန့်မတိုင်းဘဲ လက်သီးဆုပ်ကာ တိုင်းထွာရရှိသည့် အရှည်ကို လက်တစ်ဆုပ်ဟု သတ်မှတ်ခေါ်ဝေါ်သည်။ အကောင် အရောင်းအဝယ်ပြုလုပ်ရာတွင် တစ်ဆုပ် ၊ နှစ်ဆုပ် စသည်ဖြင့် တိုင်းထွာ ရောင်းချကြသည်။

” ဒီသတ်မှတ်တဲ့ဈေးနှုန်းက ရောင်းသူတွေအတွက်ကောကိုက်ရဲ့လား ဆိုတော့ ကိုက်မကိုက် ဆိုတာထက် အများအတွက် ကြည့် ရမယ့် အခြေအနေပါပဲ။ ရောင်းသူ အတွက်လည်း မနစ်နာ ဝယ်သူအတွက်လည်း အဆင်ပြေနိုင်တဲ့ ဈေးနှုန်းကို သတ်မှတ်လိုက်တဲ့ သဘောပဲ ဖြစ်ပါတယ် ။ အခုလို သတ်မှတ် ရတဲ့ အကြောင်းကလည်း တစ်နိုင်ငံလုံးမှာ ရိုက်ခတ်လာတဲ့ ငွေရေးကြေးရေး အကျပ်အတည်း ကြောင့်ပါ။ “ဟု ၎င်းက ပြောသည်။

အဆိုပါထုတ်ပြန်ချက်သည်အမိန့်ထုတ်ပြန်သည့်နေ့မှစ၍ တော်လှန်ရေး ကြားကာလ အောင်မြင်သည်အထိ အမိန့်သက် ရောက်မည်ဖြစ်သည်ဟု တိုက်နယ်အမှတ်(၂)ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှထုတ်ပြန်ထားခြင်းဖြစ်သည်။

Via: မဇ္ဈိမ
Tags: ကုန်စည်ဈေးနှုန်းတိုက်နယ်အမှတ် (၂)မင်းတပ်
ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Xiaomi

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

October 17, 2023 - Updated on September 8, 2025
Social Media

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

July 6, 2023
Blockchain & Crypto

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

June 21, 2023 - Updated on September 5, 2025
Tips & Tricks

သိန်း ၁၅၀ ဖိုး Email Marketing Service ကို အခမဲ့ ဘယ်လိုယူမလဲ

June 16, 2023 - Updated on September 5, 2025
Facebook

ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုအတွက် Facebook က အသုံးပြုသူတွေကို ဒေါ်လာ ၇၂၅ သန်း လျော်ကြေးငွေ ပေးမည်

April 21, 2023
Mobile

ကင်မရာတွေမှာ ပါ၀င်နေတဲ့ software တွေအကြောင်း 

November 18, 2022 - Updated on September 11, 2025
Next Post

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေကြောင့် တရားခွင် ရွှေ့ဆိုင်း

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.