Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home Blockchain & Crypto

USDT ဆိုတာဘာလဲ၊ Crypto ငွေကြေးစနစ်အကြောင်းတစေ့တစောင်း

idigital news by idigital news
December 12, 2021 - Updated on March 3, 2022
Reading Time: 1 min read

အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့မှာ ဒစ်ဂျစ်တယ်ငွေကြေးစနစ်ဖြစ်တဲ့ Cryptocurrency ထဲက USDT ကို ပြည်တွင်းသုံးစွဲမှုအတွက် တရားဝင်အသိအမှတ် ပြုကြောင်း ကြေညာလိုက်ပါတယ်။ ဒီတော့ USDT ဆိုတာ ဘာလဲ။ အတော်များများက ဒီအကြောင်းတွေနဲ့ အလှမ်းဝေးနေပါသေးတယ်။ USDT အကြောင်း မပြောခင် Cryptocurrency အကြောင်း အရင်ပြောချင်ပါတယ်။

Cryptocurrency ဆိုတာ ဘာလဲ

Cryptocurrency ဆိုတာ ဗဟိုထိန်းချုပ်ထားခြင်း မရှိတဲ့ Decentralized ငွေကြေး စနစ်တစ်ခုပဲ ဖြစ်ပါတယ်။ Bitcoin (BTC) ဆိုရင် တော်တော်များများ ကြားဖူးပါလိမ့်မယ်။ Bitcoin ဟာလည်း Cryptocurrency တစ်မျိုးပါပဲ။ Cryptocurrency အကြောင်းပြောရင် Bitcoin အကြောင်းက စပြောရပါလိမ့်မယ်။ Bitcoin ကို Satoshi Nakamoto ဆိုတဲ့ အမည်ဝှက်နဲ့သူက ၂၀၀၈ ခုနှစ် နိုဝင်ဘာလ (၁) ရက်နေ့မှာ စတင်မိတ်ဆက် ဖြန့်ဝေခဲ့ပါတယ်။ Bitcoin ဟာ ၂၀၀၈ ခုနှစ် ကမ္ဘာ့ငွေကြေးစီးပွားပျက်ကပ်ရဲ့ တွန်းအားနဲ့ ထွက်ပေါ်လာပြီး အစဉ်အလာငွေကြေးစနစ်ကို အစားထိုးနိုင်ဖို့ တီထွင်ခဲ့တာလို့ ယူဆနိုင်ပါတယ်။

Bitcoin ရဲ့ တစ်ဦးနဲ့ တစ်ဦး ငွေကြေးလွှဲပြောင်းမှု အချက်အလက်တွေကို Bitcoin Network မှာ သိမ်းဆည်းထားပါတယ်။ လူတစ်ဦး၊ အဖွဲ့အစည်းတစ်ခုဆီမှာ သိမ်းတာမျိုးမဟုတ်ပဲ Network ထဲမှာ ပါဝင်သူများဆီမှာ ဖြန့်ကျက် သိမ်းဆည်းထားတာပါ။ ဒီမှတ်တမ်းအချက်အလက်တွေကို လူတစ်ဦး အဖွဲ့အစည်းတစ်ခုက ထိန်းချုပ်ထားတာမျိုး မဟုတ်ပဲ Network ထဲမှာ ပါဝင်သူ အားလုံးက စုပေါင်း စီမံတာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ကြားခံ ဗဟိုထိန်းချုပ်မှု မရှိတဲ့ ငွေကြေးစနစ်တစ်ခု Cryptocurrency ဖြစ်ပေါ်လာပါတယ်။

ဆက်စပ်သတင်းများ

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

USDT ဆိုတာ ဘာလဲ

USD Tether ( USDT ) ဟာ Bitcoin လိုပဲ Cryptocurrency တစ်မျိုး ဖြစ်ပါတယ်။ Bitcoin နဲ့ မတူတာက Bitcoin ဟာ တန်ဖိုးအတက်အကျ ကြီးမားပါတယ်။ USDT ဟာ အမေရိကန်ဒေါ်လာနဲ့ တန်ဖိုး ညှိထားတဲ့အတွက် 1 USDT ဟာ အမေရိကန် ၁ ဒေါ်လာနဲ့ ညီမျှပါတယ်။ ဈေးနှုန်းအတက်အကျမရှိတဲ့အတွက် Stablecoin လို့ ခေါ်ပါတယ်။ ဈေးနှုန်းအတက်အကျ မရှိဖို့အတွက် USDT ထုတ်ပေးတဲ့အဖွဲ့အစည်းက ထုတ်ထားတဲ့ USDT အရေအတွက်အတိုင်း ဘဏ်အကောင့်ထဲမှာ တန်ဖိုးတူညီတဲ့ ဒေါ်လာကို ထည့်သိမ်းထားပေးရပါတယ်။ အရံငွေကို သိမ်းပေးထားကြောင်းကိုလည်း ပြင်ပစာရင်းစစ်တွေနဲ့ အမြဲ အစစ်ခံပေးရပါတယ်။ ဒီလိုနဲ့ တန်ဖိုးတည်ငြိမ်တဲ့ Stablecoin တွေ ဖြစ်ပေါ်လာပါတယ်။

USDT ကို ဟောင်ကောင်အခြေစိုက် Biftinex လို့ခေါ်တဲ့ Exchange ကနေ ထုတ်ပေးထားတာ ဖြစ်ပါတယ်။ စုစုပေါင်း ဒေါ်လာ ၆၂ ဘီလျံကျော် ထုတ်ပေးထားပြီး ဖြစ်ပါတယ်။

USDT ကို ဘယ်လို ဝယ်လို့ရနိုင်မလဲ

USDT ကို ဝယ်ယူဖို့ Crypto Exchange တွေမှာ အကောင့်ဖွင့်ပြီး Visa, Master Card, Bank Transfer စတဲ့ သတ်မှတ်ထားတဲ့ နည်းလမ်းတွေနဲ့ ဝယ်ယူနိုင်ပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံကနေ ဝယ်ယူဖို့ Crypto exchange တစ်ခုဖြစ်တဲ့ Binance.com မှာ အကောင့်ဖွင့်ပြီး P2P trade ကနေတစ်ဆင့် Kpay, Wavepay တို့နဲ့ ဝယ်ယူနိုင်ပါတယ်။

သတိထားစရာများ

အပေါ်မှာ ပြောခဲ့သလိုပဲ Cryptocurrency ဟာ ဗဟိုထိန်းချုပ်မှုမရှိပဲ လည်ပတ်နေတာဖြစ်တဲ့အပြင် ငွေကြေးမှတ်တမ်းတွေဟာလည်း လွှဲပြောင်းသူ၊ လက်ခံသူ ဘယ်သူဆိုတာ သိရမှာ မဟုတ်တဲ့အတွက် မသမာသူတွေရဲ့ လိမ်လည်မှုတွေ ရှိနိုင်ပါတယ်။ ကိုယ့်ရဲ့ Crypto Wallet အချက်အလက်တွေ၊ Crypto Exchange အချက်အလက်တွေကို လုံခြုံအောင် သိမ်းဆည်းထားဖို့ လိုပါတယ်။

Tags: USDT
ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Xiaomi

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

October 17, 2023 - Updated on September 8, 2025
Social Media

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

July 6, 2023
Blockchain & Crypto

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

June 21, 2023 - Updated on September 5, 2025
Tips & Tricks

သိန်း ၁၅၀ ဖိုး Email Marketing Service ကို အခမဲ့ ဘယ်လိုယူမလဲ

June 16, 2023 - Updated on September 5, 2025
Facebook

ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုအတွက် Facebook က အသုံးပြုသူတွေကို ဒေါ်လာ ၇၂၅ သန်း လျော်ကြေးငွေ ပေးမည်

April 21, 2023
Mobile

ကင်မရာတွေမှာ ပါ၀င်နေတဲ့ software တွေအကြောင်း 

November 18, 2022 - Updated on September 11, 2025
Next Post

Smart Contracts: Welcome to a New World

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.