မှော်ဘီမြို့နယ် မြောင်းတကာ စက်မှုဇုန် အတွင်းရှိ တရုတ်စက်ရုံ ၃၀ ကျော်၏ စက်ရုံလုံခြုံရေးအတွက် စစ်သားနှင့်ရဲ အယောက်၁၀၀ခန့် ဌားရမ်းထားသည်ဟု ယုံကြည်စိတ်ချရသော သတင်းရင်းမြစ်များအရ သိရကြောင်း မဇ္ဈိမသတင်းဌာနက ဖော်ပြထားသည်။
အရင်ကတော့ ရပ်ကွက်တွေ လမ်းတွေထဲမှာ လုံခြုံရေးက မရှိဘူးလေ။ အခု ဒီမှာ အာဏာသိမ်းပြီးတော့ လုံခြုံရေးကို အယောက်၁၀၀ ခန့်ထားတယ်။
သတင်းရင်းမြစ်တစ်ဦး
အဆိုပါ စစ်သားနှင့်ရဲများကို စက်ရုံကြီးပါက တစ်လလျှင် သိန်း၆၀နှုန်း ၊ စက်ရုံသေးပါက တစ်လလျှင် သိန်း၃၀နှုန်းဖြင့် ခြောက်လစာ ပေးသွင်းရသည်ဟု သိရသည်။
“အရင်ကတော့ ပိုက်ဆံပေးရတာကော စောင့်ရတဲ့လုံခြုံရေးကောကဒီလောက် မများဘူးပေါ့။အရင်က ပြင်ထိန်းရန်ပုံငွေဆိုပြီး ပုဂ္ဂလိကစက်ရုံတွေအကုန်လုံးက ရိုးမဘဏ်ကနေ ပိုက်ဆံသွင်းရတယ်။ အခုကျတော့ အာဏာသိမ်းပြီးနောက် တစ်လကိုစက်ရုံကြီးရင် သိန်း၆၀၊ စက်ရုံသေးရင် သိန်း၃၀ဆိုပြီးတောင်းတယ်။ ခြောက်လတကြိမ် ပေးရတယ်”ဟု ၎င်းက ဆိုသည်။
အဆိုပါ မှော်ဘီမြို့နယ်မြောင်းတကာစက်မှုဇုန်ထဲတွင်ရှိသော စက်ရုံအများစုကို တရုတ်လုပ်ငန်းရှင်များပိုင်ဆိုင်ကြသည်ဟု သိရသည်။
Copy this code to get iMovies Points.