မတ်လ ၂၇ ရက်နေ့ နံနက် ၂း၀၀နာရီအချိန်ခန့်တွင် ကေအဲန်ယူ – မူတြော်ခရိုင်၊ လူသောမြို့နယ်၊ ပေးကေးကျေးရွာအုပ်စုအတွင်းရှိ ဒေဘုနိုရွာ၏အထက်တန်းကျောင်းဝင်းဟောင်းနှင့် ထီးလေးကွီးကျေးရွာများအတွင်းသို့ အကြမ်းဖက် စစ်ကောင်စီက လေယာဉ် နှစ်စင်းဖြင့် ဗုံး တစ်လုံးစီလာရောက်ကြဲချသွားခဲ့ကြောင်း သိရှိရသည်။
တိုက်လေယာဉ်ဖြင့် ဗုံးကြဲချခံရသည့်အတွက် လူနေအိမ်အချို့ထိခိုက်ပျက်စီးခဲ့ရကြောင်း KNU က သတင်းထုတ်ပြန်ထားသည်။
အဆိုပါ လေယာဉ်ဖြင့် ဗုံးကြဲခံရသည့်ရွာများသည် ယမန်နှစ်၂၀၂၁ခုနှစ် မတ်လ(၂၇)ရက်နေ့တွင်လည်း လေယာဉ် ဖြင့် ဗုံးကြဲချခံခဲ့ရသည့်ရွာများဖြစ်ကြောင်း သိရှိရသည်။