နိုင်ငံတကာရာဇ၀တ်မှုတရားရုံး ICC နှင့် အာဂျင်တီးနားတရားရုံးများမှ ပေးပို့လာသည့် စာ၊ ပြည်ပသွားလာခွင့် ကန့်သတ်ခြင်းဆိုင် ဖမ်းဆီးမိန့် နှင့် ဖမ်းဝရမ်းများကို လက်ခံခြင်း မပြုရန် အကြမ်းဖက် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က လျှို့ဝှက်ညွှန်ကြားထားကြောင်း သိရသည်။
အဆိုပါ ညွှန်ကြားစာကို အကြမ်းဖက်စစ်ကောင်စီက နေပြည်တော်တရားလွှတ်တော်ချုပ်ထံ ပေးပို့ထားပြီး တရားသူကြီးချုပ် ထွန်းထွန်းဦးကလည်း ၎င်း၏ တရားလွှတ်တော် ဝန်ထမ်းများကို မည်သည့်စာကိုမှ လက်မခံရန် လျှို့ဝှက် ညွှန်ကြားကြောင်း သိရှိရသည်။
၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်အတွင်း စစ်တပ်၏ ဆိုးရွားလှသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လူမျိုးတုန်းသတ်ဖြတ်မှုများအတွက် မြန်မာရိုဟင်ဂျာများအဖွဲ့နှင့် ကျူးလွန်ခံရသည့် အမျိုးသမီး ၆ ဦးက အာဂျင်တီးနားတရားရုံးတွင် အမှုဖွင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။ ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် အရေးယူမှုများကို နိုင်ငံတကာရာဇ၀တ်မှုတရားရုံး (အိုင်စီစီ) နှင့် ကုလသမဂ္ဂ နိုင်ငံတကာတရားရုံး (ယူအန်အိုင်စီဂျေ) တို့တွင်လည်း စတင်ဆောင်ရွက်နေပြီ ဖြစ်သည်။