Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home နွေဦးတော်လှန်ရေး

ပြည်သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးပေးတော့မည်ဟု NUG အစိုးရပြော

idigital news by idigital news
July 25, 2021 - Updated on March 3, 2022
Reading Time: 1 min read

အမျိုးသားညီညွတ်ရေးအစိုးရက မြန်မာပြည်သူတွေကို မကြာခင် ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ စတင်ထိုးနှံပေးတော့မယ်လို့ ပညာရေးကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက  ဇူလိုင် ၂၅ ရက်နေ့ ယနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

ဒီနှစ်ထဲမကုန်ခင်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို မြန်မာလူဦးရေရဲ့ ၂၀ ရာခိုင်နှုန်း ထိုးပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်နေပြီလို့ ဆိုပါတယ်။ 

အခုလထဲမှာ ကိုဗစ်ကာကွယ်ဆေးကို စတင်ထိုးပေးနိုင်ဖို့ နည်းလမ်း ၂ သွယ်နဲ့ ဆောင်ရွက်မှာဖြစ်ပြီး ပထမဦးစားပေးအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရက ရရှိထားတဲ့စာရင်းအရ ၆ သန်းရရှိဖို့ရှိပါတယ်။

ဆက်စပ်သတင်းများ

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

သိန်း ၁၅၀ ဖိုး Email Marketing Service ကို အခမဲ့ ဘယ်လိုယူမလဲ

ပထမနည်းလမ်းက ရလာတဲ့ကာကွယ်ဆေးတွေကို တိုင်းရင်းသားဒေသတွေမှာ ထိုးပေးမှာဖြစ်ပြီး ဒုတိယနည်းလမ်းကတော့ တတိယအဖွဲ့အစည်းတွေက ပြည်သူတွေကို ထိုးနှံပေးသွားမယ်လို့ ပညာရေးကျန်းမာရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောဆိုပါတယ်။ 

အခုရလာမယ့် ကာကွယ်ဆေးတွေနဲ့ ဆေးအမျိုးအစားတွေကတော့ အရင်အစိုးရလက်ထက်က လုပ်ဆောင်ခဲ့တာတွေကို ဆက်လက်ပြီး ကြိုးစားဆောင်ရွက်ထားတာတွေဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၆၄,၅၂၇ ယောက်နဲ့ သေဆုံးသူ ၆,၇၅၆ ယောက်ထိ ရှိလာခဲ့ပြီလို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၂၄ ရက်ညမှာ ထုတ်ပြန်ပါတယ်။

ဒါ့ပေမယ့် မြေပြင်အခြေအနေမှာတော့ ကိုဗစ်-၁၉ ရောဂါကြောင့် ရန်ကုန်သုသာန်တွေမှာ နေ့စဉ် ရုပ်အလောင်း ၁၀၀၀ ကျော် မီးသင်္ဂြိုဟ်ပေးနေရတယ်လို့ ပရဟိတအဖွဲ့တွေရဲ့ စာရင်းတွေအရ သိရပါတယ်။

Tags: NUGကိုဗစ်ကာကွယ်ဆေးအမျိုးသားညီညွတ်ရေးအစိုးရ
ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Blockchain & Crypto

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

June 21, 2023 - Updated on September 5, 2025
Tips & Tricks

သိန်း ၁၅၀ ဖိုး Email Marketing Service ကို အခမဲ့ ဘယ်လိုယူမလဲ

June 16, 2023 - Updated on September 5, 2025
Mobile

ကင်မရာတွေမှာ ပါ၀င်နေတဲ့ software တွေအကြောင်း 

November 18, 2022 - Updated on September 11, 2025
Future Tech

စမတ်ဖုန်းမှာတင် DSLR Camera Lens တပ်ဆင်အသုံးပြုလို့ရမယ့် Xiaomi ရဲ့ S12 Ultra Concept Phone

November 14, 2022
Twitter

Elon Musk လက်ထက် Twitter ရဲ့ ပြောင်းလဲမှုများ

November 14, 2022
Social Media

Facebook Mobile App ပေါ်က Instant Article လုပ်ဆောင်ချက်ကို ဖျက်သိမ်းပစ်တော့မယ့် Meta

October 30, 2022
Next Post

မင်းတပ်မြို့နယ်က ယနေ့ အကြမ်းဖက် စကစတပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုအခြေအနေ

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.