Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home Burma Spring Revolution

​​ဝေဖန်မှုများ ရှိနေပေမယ့် မြန်မာအသင်း ဂျပန်ကို ထွက်ခွာမယ်လို့ သိရ

idigital news by idigital news
May 14, 2021 - Updated on March 3, 2022
Reading Time: 1 min read

ဂျပန်လက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ကစားရမယ့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ မေလ၁၅ရက် မှာ ဂျပန်နိုင်ငံကို ထွက်ခွာမယ်လို့ သိရပါတယ်။

လက်ရှိ စစ်အာဏာသိမ်းသထားတဲ့ မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် စစ်အုပ်စုကိုကိုယ်စားပြုပြီး ပြိုင်ပွဲမကစားဖို့ ပရိသတ်တွေက ဆန္ဒရှိနေချိန်မှာ ဘောလုံးအဖွဲ့ချုပ်နဲ့ ကစားသမားအများစုက ပြိုင်ပွဲသွားမယ့်အပေါ် ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်လောက်ကတည်းက  လူတွေမသိအောင် လေ့ကျင့်မှုတွေ စတင်ခဲ့တဲ့ မြန်မာဘောလုံးအသင်းနဲ့ပတ်သက်ပြီး ဘောလုံးအဖွဲ့ချုပ်ဘက်ကလည်း သတင်းထုတ်ပြန်ချက်တစ်စုံတရာ ထုတ်ပြန်ထားတာမရှိပါဘူး။

အသင်းလူစာရင်းမှာ အဓိကကစားသမားတွေ အများစုပါဝင်ပေမဲ့ ရန်ကုန်ယူနိုက်တက်က အမာခံ ကစားသမား ၂ ဦးနဲ့ ရှမ်းယူနိုက်တက်က ကစားသမား ၂ ဦးကတော့ အသင်းကနေ နုတ်ထွက်ခဲ့ပါတယ်။ ပြည်ပမှာထွက်ကစားနေသူတွေလည်း မြန်မာအသင်းမှာ ပါဝင်ကစားဖို့ရှိတယ်လို့ ကစားသမားတွေနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

“သူတို့ကို အဖွဲ့ချုပ်က ဘာမှတော့ အကျပ်ကိုင်ပြီး မကစားခိုင်း ဘူးဆိုပေမဲ့ ရေရှည်စဉ်းစားရင် MFF ကိုလွန်ဆန်ဖို့ ကစားသမားတွေ ဘက်မှာအခက်အခဲရှိပါတယ်။ နုတ်ထွက်ခဲ့တဲ့ ၄ ဦးကတော့ စခေါ်တဲ့အချိန်ကတည်းက သွားမပူးပေါင်းခဲ့တာပါ။ ကစားသမား ၂၃ ဦးခေါ်သွားမယ်လို့ သိရပြီး အပြီးသတ်စာရင်းကနေ ဖယ်ရှားခံလိုက်ရတဲ့ ကစားသမားတွေလည်း ရှိပါတယ်”လို့ ပြောပါတယ်။

ဆက်စပ်သတင်းများ

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

သိန်း ၁၅၀ ဖိုး Email Marketing Service ကို အခမဲ့ ဘယ်လိုယူမလဲ

ဂျပန်ရောက်မြန်မာ့အရေးလှုပ်ရှားသူတွေကလည်း မြန်မာဘောလုံးအသင်းလာရောက်မှာကို ကန့်ကွက်ဖို့ စီစဉ်နေကြပါတယ်။ 

မြန်မာအသင်းက မေလ ၂၈ ရက်မှာ ဂျပန်နဲ့ ကစားအပြီး ကာဂျစ်ကစ္စတန်နဲ့ အိမ်ကွင်းပွဲစဉ်က ကစားရမှာဖြစ်ပေမဲ့ ဂျပန်မှာပဲ အိမ်ကွင်းအဖြစ် ဆက်ကစားသွားမှာဖြစ်ပါတယ်။

မြန်မာဘောလုံးသမားတွေဟာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလအတွင်းက စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြပွဲတွေလည်း နေ့စဉ်ဆက်တိုက် လုပ်ဆောင်ခဲ့ပါသေးတယ်။

Tags: Japanmyanmar footballWorld Cup Qualifier
ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Blockchain & Crypto

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

June 21, 2023 - Updated on September 5, 2025
Tips & Tricks

သိန်း ၁၅၀ ဖိုး Email Marketing Service ကို အခမဲ့ ဘယ်လိုယူမလဲ

June 16, 2023 - Updated on September 5, 2025
Mobile

ကင်မရာတွေမှာ ပါ၀င်နေတဲ့ software တွေအကြောင်း 

November 18, 2022 - Updated on September 11, 2025
Future Tech

စမတ်ဖုန်းမှာတင် DSLR Camera Lens တပ်ဆင်အသုံးပြုလို့ရမယ့် Xiaomi ရဲ့ S12 Ultra Concept Phone

November 14, 2022
Twitter

Elon Musk လက်ထက် Twitter ရဲ့ ပြောင်းလဲမှုများ

November 14, 2022
Social Media

Facebook Mobile App ပေါ်က Instant Article လုပ်ဆောင်ချက်ကို ဖျက်သိမ်းပစ်တော့မယ့် Meta

October 30, 2022
Next Post

သုဝဏ္ဏ မင်္ဂလာဆောင်တွင် လက်ဖွဲ့မှဗုံးကွဲ သတို့သမီးပွဲချင်းပြီးသေဆုံး

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.