Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
  • mm Burmese
  • en English
No Result
View All Result
iDigital News
No Result
View All Result
Home Featured

COVID ကို ကျော်လွန်၍ …

idigital news by idigital news
June 7, 2020 - Updated on November 26, 2020
Reading Time: 1 min read

2020 ခုနှစ် အစပိုင်းမှာ တရုတ်နိုင်ငံကနေ စတင်ပျံ့နှံ့လာတဲ့ COVID-19 ရောဂါကို ၂၀၂၀ မတ်လမှာ ကမ္ဘာ့ကပ်ရောဂါအဖြစ် WHO က ကြေညာသတ်မှတ်ခဲ့ပါတယ်။ ဗိုင်းရပ်စ်ရဲ့ အကျိုးဆက်အနေနဲ့ စီးပွားရေးလုပ်ငန်းအများစု ထိခိုက်ခဲ့ပြီး တကမ္ဘာလုံး စီးပွားရေး၊ လူမှုရေး၊ နေထိုင်မှုပုံစံများ အားလုံး ပြောင်းလဲခဲ့ရပါတယ်။

COVID-19 ရောဂါကြောင့် အလုပ်တွေ ပိတ်ခဲ့ရတယ်။ အိမ်က လုပ်လို့ရတဲ့ အလုပ်တွေလည်း Work From Home အဖြစ် အိမ်ကနေ ရုံးတက်၊ အိမ်မှာ အလုပ်လုပ်ဆိုတဲ့ စနစ်ကို ပြောင်းလဲ ကျင့်သုံးခဲ့၊ ကျင့်သုံးနေကြရပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း ဒီရိုက်ခတ်မှုကို အတိုင်းအတာတစ်ခုထိ ခံရပါတယ်။

ဆက်စပ်သတင်းများ

ကမ္ဘာ့ထိပ်တန်း SoC ထုတ်လုပ်တဲ့ company များ

ဖုန်းထဲက ကြော်ငြာတွေက သင့်ကို စောင့်ကြည့်နေတာကို ဘယ်လိုကာကွယ်မလဲ

COVID ကပ်ရောဂါကာလအလွန် ဘာတွေ ဖြစ်လာနိုင်သလဲ။ ဘယ်သူတွေ ထိခိုက်ပြီး ဘယ်သူတွေ အကျိုးအမြတ်ရကြလဲ။ အဆိုးထဲက အကောင်းလို့ ပြောရအောင် ဘာတွေ လုပ်သင့်လဲ။

COVID ကာလ အလွန် ဘာတွေ ဖြစ်လာနိုင်သလဲ။

Twitter က Work From Home စနစ်ကို ဆက်လက်ကျင့်သုံးဖို့ ဆုံးဖြတ်ထားပြီး သူ့ရဲ့ ဝန်ထမ်းတွေကို အိမ်ကနေပဲ အလုပ်လုပ်ဖို့ ညွှန်ကြားထားပါတယ်။ တခြား နည်းပညာ company တွေလည်း Work From Home စနစ်ကို ကျင့်သုံးလာနိုင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ရုံးလာစရာမလိုပဲ အိမ်ကနေပဲ အမြဲအလုပ်လုပ်ဖို့ ဆိုတာ ဖြစ်လာနိုင်ခြေနည်းပါတယ်။

ပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ ဒီဗိုင်းရပ်စ်ဟာ အပြီးပျောက်သွားနိုင်ခြေနည်းပြီး ရာသီတုပ်ကွေးလို ဆက်လက်တည်ရှိနေမယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် အကယ်၍ ကာကွယ်ဆေးသာ မပေါ်ခဲ့ရင် လူတွေရဲ့ နေထိုင်မှုပုံစံတွေလည်း ပြောင်းလဲလာနိုင်ပါတယ်။ ဥပမာအားဖြင့် အပြင်ထွက်တိုင်း mask တပ်တာ၊ လူထူထပ်တဲ့နေရာ ရှောင်ရတာ အစရှိသဖြင့်ပေါ့။

COVID ကြောင့် အကျိုးအမြတ် ရကြသူများ

COVID ကြောင့် စီးပွားရေး အများစု ထိခိုက်ကြပေမယ့် အကျိုးအမြတ်ရကြသူတွေလည်း ရှိနေပါတယ်။ သူတို့တွေက Video Conferencing app တွေ၊ Delivery လုပ်ငန်းတွေပါပဲ။ Work From Home ရဲ့ အကျိုးဆက်အနေနဲ့ Video Conferencing ဟာ မဖြစ်မနေလိုအပ်လာပါတယ်။ ဒီထဲမှာ Zoom ဟာ သိသိသာသာကို သုံးစွဲသူတွေ တိုးလာခဲ့ပြီး Google, Facebook, Microsoft တို့ကပါ Zoom ကို ယှဉ်ပြိုင်ဖို့ သူတို့ရဲ့ Products တွေကို တိုးချဲ့ခဲ့ရပါတယ်။ Google က Google Meet ကို အခမဲ့ အသုံးပြုခွင့် ပေးလာတာ၊ Facebook က Messenger Rooms ကို အချိန်မီ ထုတ်ခဲ့တာ၊ Microsoft က Microsoft teams ရဲ့ လုပ်ဆောင်ချက်တွေကို တိုးချဲ့ခဲ့တာ တို့ လုပ်ဆောင်ခဲ့ရပါတယ်။

နောက်တစ်ခုက Delivery လုပ်ငန်းတွေပါ။ Food Panda လို၊ Grabfood လို လုပ်ငန်းတွေ ဖြစ်ထွန်းခဲ့ကြပါတယ်။ အိမ်ပြင် မထွက်ရတဲ့အချိန်တွေမှာ Food Panda လို delivery app တွေကနေ အစားအသောက်မှာယူတာ သိသိသာသာ များပြားလာခဲ့ပါတယ်။

COVID မှ ထုတ်ယူရမယ့် ကောင်းကျိုးများ

ရောဂါက ဖြစ်ပြီဆိုတော့ တားမရတော့ပါဘူး။ အဆိုးထဲက အကောင်းတွေ ထုတ်ယူနိုင်မှသာ ကျွန်တော်တို့အတွက် အကျိုးရှိပါမယ်။

မြန်မာနိုင်ငံအနေနဲ့ COVID ကြောင့် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန facebook စာမျက်နှာဟာ စောင့်ကြည့်သူ များစွာ ရှိခဲ့ပါတယ်။ COVID အစပိုင်းမှာ သတင်းမှား ဖြန့်သူတွေ ရှိခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ ပြည်သူတွေက ယုံကြည်ရနိုင်တဲ့ သတင်းအရင်းအမြစ်ကိုသာ စောင့်ကြည့်ရမယ်ဆိုတဲ့ အသိအမြင် ရလာကြပါတယ်။ ဒါဟာ ကျွန်တော်တို့ အတွက် ကြီးမားတဲ့ အကျိုးအမြတ်ပါ။ ဒီအလေ့အထကို ဖျောက်မပစ်ပဲ ဘယ်သတင်းပဲ ဖြစ်ဖြစ်၊ ယုံကြည်ရမယ့် သတင်းအရင်းအမြစ်မှသာ ယုံကြည်ကြမယ်ဆိုရင် သတင်းမှားတွေကို တိုက်ထုတ်နိုင်မှာပါ။

နောက်တစ်ခုက နည်းပညာနဲ့ အကျွမ်းတဝင်ရှိလာကြတာ။ COVID ကာလဟာ အသုံးချတတ်မယ်ဆိုရင် မြန်မာပြည်ရဲ့ Digital အကူးအပြောင်းကာလ ဖြစ်လာနိုင်ပါတယ်။ e-commerce လုပ်ငန်းတွေ၊ e-government လုပ်ဆောင်ချက်တွေ ဒီကာလမှာ အရှိန်အဟုန်နဲ့ လုပ်ဆောင်သင့်ပါတယ်။ ပိုက်ဆံကိုင်သုံးနေကြတာကနေ ကတ်စနစ်၊ Online Pay စနစ်တွေ ထွန်းကားလာသင့်ပါတယ်။

နောက်တစ်ခုက လူနေမှုပုံစံ။ COVID ကြောင့် ဖြစ်ပေါ်လာတဲ့ mask တပ်တဲ့ အလေ့အထကို ဆက်ထိန်းထားသင့်ပါတယ်။ စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးတာတွေ မရှိသင့်တော့ပါဘူး။ ချောင်းဆိုးရင် ပါးစပ်အုပ်တာ၊ နှာချေရင် ပါးစပ်အုပ်တဲ့ အလေ့အထတွေ ထွန်းကားလာသင့်ပါတယ်။

အဆိုးထဲက အကောင်းဆိုသလို အလေ့အကျင့်ကောင်းတွေကို ဆက်လက်မွေးမြူပြီး Digital ခေတ်ကို အလျင်အမြန် တက်လှမ်းနိုင်ကြစေရန် ရည်မျှော်လျှက် …

ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Mobile

ကမ္ဘာ့ထိပ်တန်း SoC ထုတ်လုပ်တဲ့ company များ

December 14, 2022
Editors’ Picks

ဖုန်းထဲက ကြော်ငြာတွေက သင့်ကို စောင့်ကြည့်နေတာကို ဘယ်လိုကာကွယ်မလဲ

January 7, 2021 - Updated on October 14, 2022
Editors’ Picks

Instagram နဲ့ WhatsApp ကို ပြန်ရောင်းရမယ့် အခြေအနေနဲ့ ကြုံတွေ့နေရတဲ့ Facebook

December 12, 2020 - Updated on October 14, 2022
ဝဘ်ဆိုဒ်များ

Myanmar JobLink အလုပ်အကိုင်ရှာဖွေရေး ဝဘ်ဆိုဒ်မှ အချက်အလက်များ ပေါက်ကြား

December 8, 2020
Apple

iOS 14 ကို ယနေ့ update ပြုလုပ်နိုင်ပြီ။ ဘယ်လို လုပ်ဆောင်ချက် အသစ်တွေ ပါလာမလဲ။

September 18, 2020 - Updated on November 26, 2020
Editors’ Picks

Facebook က ဒီဇိုင်းအဟောင်း (Classic Design) ကို စက်တင်ဘာလတွင် ပိတ်သိမ်းမည်

August 26, 2020 - Updated on March 4, 2022
Next Post
9to5google

မကြာခင်မှာ Dark mode ရရှိတော့မယ့် Facebook android app

  • English
  • Burmese
  • ဆက်သွယ်ရန်

© 2022 iDigital News - Latest Technology News.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
Click to Copy

Add New Playlist

No Result
View All Result
  • jnews-home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • mm Burmese
  • en English

© 2022 iDigital News - Latest Technology News.