This post is also available in:
English
Android တွေမှာ ဗီဒီယို ရိုက်ကူးခြင်းအတွက် ဖိုင်ဆိုဒ်ကန့်သတ်ချက်ကို Android 11 မှာ ပယ်ဖျက်လိုက်ပါပြီ။ 4K format နဲ့ ရှည်လျားတဲ့ ဗီဒီယိုတွေ ရိုက်ကူးလေ့ရှိတဲ့သူတွေအတွက် ဖိုင်ဆိုဒ် 4GB သတ်မှတ်ချက်က တကယ့်ကို ကသိကအောက် ဖြစ်စရာပါ။ 4GB ပြည့်တာနဲ့ Android က ဖိုင်တွေကို အပိုင်းလိုက် အလိုအလျောက် ခွဲပစ်ပါတယ်။

Android Police ရဲ့ ပြောကြားချက်အရ Android 11 beta မှာ ဖိုင်ဆိုဒ်ကန့်သတ်ချက်ကို ပယ်ဖျက်ပေးထားတယ်ဆိုပေမယ့် တစ်ချို့ app တွေကတော့ ဖိုင်ဆိုဒ်အကြီးတွေကို အထောက်အပံ့မပေးသေးဘူးလို့ ဆိုပါတယ်။ ကံမကောင်းစွာပဲအများစု အသုံးပြုနေတဲ့ Google Camera ဟာ ဖိုင်ဆိုဒ်အကြီးတွေ ရိုက်ကူးဖို့ အထောက်အပံ့မပေးသေးပါဘူး။ ဒါပေမယ့် Open Camera ကတော့ ဖိုင်ဆိုဒ်ကန့်သတ်ချက်မရှိပဲ စိတ်ကြိုက်ရိုက်ကူးလို့ ရမှာ ဖြစ်ပါတယ်။
Open Camera အပြင် တစ်ခြား app တွေလည်း ရှိနိုင်ပါသေးတယ်။ Android ကိုယ်တိုင်က ကန့်သတ်ချက်တွေကို ဖယ်ရှားပေးထားတာ ဖြစ်တဲ့အတွက် နောင်တစ်ချိန်မှာ app တွေကလည်း အထောက်အပံ့ပေးလာမှာ ဖြစ်ပါတယ်။
Android 11 ရဲ့ ပထမဆုံး beta version ကို Google က ထုတ်ပေးထားပြီး Pixel ဖုန်းတွေနဲ့ Oneplus 8 ဖုန်းတွေမှာ စမ်းသပ် အသုံးပြုလို့ ရနေပြီ ဖြစ်ပါတယ်။