This post is also available in: English
Google က ဒီနေ့မှာ Android 11 beta version ကို စတင် ထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာပဲ Pixel ဖုန်းတွေမှာပဲ အသုံးပြုလို့ ရမှာဖြစ်ပါတယ်။ Google အနေနဲ့ မနှစ်က Android 10 beta ထုတ်ပေးခဲ့စဉ်က Asus, LG, Oneplus, Vivo, Xiaomi အစရှိတဲ့ ဖုန်းမော်ဒယ် နှစ်ဒါဇင်လောက် အသုံးပြုခွင့် ပေးခဲ့ပေမယ့် ယခုနှစ် Android 11 beta မှာတော့ Pixel ဖုန်းတွေ (Original Pixel မပါဝင်) မှာပဲ အသုံးပြုခွင့် ပေးခဲ့တာပါ။
Android 11 beta အသုံးပြုခွင့် ရမည့်ဖုန်းများ
- Google Pixel 2 and Pixel 2XL
- Google Pixel 3 and Pixel 3 XL
- Google Pixel 3a and Pixel 3a XL
- Google Pixel 4 and Pixel 4 XL
ဒီလိုဖြစ်ရတာဟာ ကပ်ရောဂါကာလမှာ Google ရဲ့ Developer တွေ Work From Home လုပ်နေရတာကြောင့် ဖြစ်မယ်လို့ ယူဆရပါတယ်။ Google နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောကြားချက်တွေအရ ထပ်ထွက်လာမယ့် beta version တွေမှာ တခြားဖုန်းတွေအတွက် ပါလာနိုင်မယ်လို့ သိရပေမယ့် ဘယ်အချိန်မှာ ရရှိမယ်၊ ဘယ်ဖုန်းတွေမှာ သုံးလို့ ရမယ်ဆိုတာတော့ မသိရသေးပါဘူး။