Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home Mobile

ဖုန်းတစ်လုံး ဝယ်တော့မယ်ဆိုရင် ….

idigital news by idigital news
May 23, 2020 - Updated on March 6, 2022
Reading Time: 2 mins read

ဖုန်းဝယ်ဖို့ စဉ်းစားပြီဆိုရင် ဘာတွေ ထည့်စဉ်းစားရမလဲ။ အများစုက ကိုယ့်ရဲ့ တတ်နိုင်တဲ့ ငွေပမာဏကို စဉ်းစားကြမယ်ထင်တယ်။ ပိုက်ဆံတတ်နိုင်တဲ့လူတွေအတွက် အများကြီး စဉ်းစားစရာမလိုပါဘူး။ Android လား၊ iOS လား။ နောက်ဆုံးပေါ်ဆိုတဲ့ Flagship ဖုန်းတစ်လုံး ကောက်ဝယ်လိုက်ရုံပါပဲ။

ဒီလိုမှ မဟုတ်ပဲ ကိုယ်တတ်နိုင်တာနဲ့ ကိုယ့်အတွက် အဆင်ပြေမယ့် ဖုန်းတစ်လုံး ဝယ်ဖို့ စဉ်းစားရတာ တကယ်တော့ ခေါင်းကိုက်စရာပါ။ ကိုယ်တိုင်က ဒီနည်းပညာတွေနဲ့ မရင်းနှီးရင်၊ အကျွမ်းတဝင်မရှိရင် ဝယ်ပြီးမှ စိတ်ညစ်ရတာ၊ မကြိုက်တော့တာမျိုးတွေ ဖြစ်ဖူးကြမှာပါ။ ဒီတော့ ဖုန်းတစ်လုံး ဝယ်တော့မယ်ဆိုရင် ဘာတွေ ကြည့်ရမလဲ။ ကျွန်တော်နဲ့ အတူတူ စဉ်းစားကြည့်ကြရအောင် …

၁။ Price ( ဈေးနှုန်း)

ဒါက ပထမဆုံး စဉ်းစားရမှာပေါ့။ ကိုယ် ငွေဘယ်လောက်သုံးမလဲ။ ကိုယ်သုံးနိုင်တဲ့ အမြင့်ဆုံးငွေပမာဏကို အရင်ဆုံး သတ်မှတ်ပါ။ ဖုန်းဝယ်တာက ကိုယ့်အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်သင့်ပါဘူး။ ကိုယ့်အတွက် အထောက်အကူဖြစ်မယ့် ကိုယ့်ရဲ့ လူနေမှုဘဝမှာ အဆင်ပြေစေမယ့် အရာပဲ ဖြစ်သင့်ပါတယ်။

၂။ Choose Operating System (Android or iOS)

ငွေပမာဏ သတ်မှတ်ပြီးပြီဆိုရင် Android ဖုန်း ဝယ်မလား၊ Apple ရဲ့ iOS ဝယ်မလား စဉ်းစားပါ။ အခုဆို iOS မှာလည်း SE လို Mid-Range ဖုန်းတွေ ရှိနေပြီဆိုတော့ ကိုယ့် ငွေပမာဏ ကိုက်ညီမယ်ဆိုရင် စဉ်းစားသင့်ပါတယ်။ Android ဆိုရင်တော့ ရွေးချယ်စရာ ပိုများတာပေါ့။ အနိမ့်ဆုံး တစ်သိန်းဝန်းကျင်ကနေ Pixel လို Oneplus လို Samsung ရဲ့ S20 လို Flagship တွေအထိ ရှိပါတယ်။

Android လား၊ iOS လား ရွေးပြီးရင် စဉ်းစားရမှာက ကိုယ်က ဒီဖုန်းကို ဘာအတွက် သုံးမှာလဲ။ ကိုယ်သုံးမယ့်အပေါ် မူတည်ပြီး အောက်ကအချက်တွေရဲ့ ဦးစားပေးစဉ်းစားပုံ ကွဲသွားပါမယ်။ ဥပမာ – ဓါတ်ပုံ လှလှလေးတွေ ရိုက်မယ်ဆို camera ကို အရင် စဉ်းစားပါ။ ဂိမ်းဆော့မယ်ဆို performance ကောင်းကောင်း၊ battery ခံမယ့်ဖုန်းမျိုး အစရှိသဖြင့်ပေါ့။

၃။ Performance (စွမ်းဆောင်ရည်)

ဂိမ်းဆော့မယ်​(သို့မဟုတ်) ဖုန်းကို မြန်မြန်ဆန်ဆန်လေး သွက်သွက်လက်လက်လေး သုံးချင်တယ်ဆိုရင် Performance ကို ကြည့်ရပါမယ်။ Performance ကို ကြည့်မယ်ဆိုရင် နှစ်မျိုး ကြည့်ရပါမယ်။ Processor နဲ့ RAM ပါ။ Processor ကတော့ ယေဘူယျအားဖြင့် နောက်ဆုံးထွက်တာက အကောင်းဆုံး ဖြစ်ပါတယ်။ Apple ရဲ့ A-series chipset တွေနဲ့ Android အတွက်ဆို Snapdragon 865 က လက်ရှိမှာ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ RAM ကတော့ အနိမ့်ဆုံး 4GB တော့ ရှိသင့်ပါတယ်။ Apple ဆိုရင်တော့ RAM ကို သိပ်စဉ်းစားစရာမလိုပါဘူး။ သူ့ရဲ့ memory management system က Android နဲ့ မတူပါဘူး။

၄။ Battery (ဘတ်ထရီပမာဏ)

ဂိမ်းဆော့မယ့်လူတွေအတွက်တော့ Battery က အသက်တမျှ အရေးကြီးပါတယ်။ အားသွင်းရင်းနဲ့ ဂိမ်းဆော့ရတာ အန္တရာယ်လည်း များသလို ဆော့ရလည်း ကိုးလို့ကန့်လန့် နိုင်ပါတယ်။ ဒီတော့ Battery ပမာဏများတာ ရွေးဝယ်သင့်ပါတယ်။ ယေဘူယျအားဖြင့် capacity များတာက battery ပိုခံတယ်လို့ ယူဆလို့ ရပေမယ့် Screen size, resolution နဲ့ သုံးတဲ့ app တွေပေါ် မူတည်ပြီး ကွာခြားမှုတော့ ရှိနိုင်ပါတယ်။

၅။ Camera (ကင်မရာ)

ရိုက်မယ်ဆိုသူများအတွက်တော့ ကင်မရာက အရေးကြီးပါတယ်။ အခုနောက်ပိုင်းတော့ ဖုန်းကင်မရာတွေက အတော်လေး ကောင်းလာကြပါတယ်။ ဒီနေရာမှာ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်းမတူကြတော့ ပြောရခက်ပါတယ်။ တစ်ချို့က သဘာဝအတိုင်း ပုံထွက်တာမျိုး ကြိုက်ကြပေမယ့် တစ်ချို့က ဝင်းလက်တောက်ပချောမွတ်တာမျိုး ကြိုက်ကြပါတယ်။ တစ်ခုတော့ မှတ်ထားစေချင်ပါတယ်။ Megapixel များတိုင်း ပုံထွက်မကောင်းပါဘူး။ အကောင်းဆုံးကတော့ မဝယ်ခင်မှာ နီးစပ်ရာဆိုင်မှာ သွားကြည့်ပြီး စမ်းရိုက်ကြည့်ပါ။

၆။ Storage (သိုလှောင်နိုင်မှု)

အခုချိန်မှာတော့ Storage တွေက အရင်လို နည်းနည်းလေး ပါတာမျိုး မဟုတ်တော့ပါဘူး။ built-in မှာကို 64GB လောက်ပါတတ်ကြပါတယ်။ ဗီဒီယို ရိုက်တာ များတဲ့လူတွေအတွက်တော့ Storage များများ ပါဖို့ လိုပါတယ်။ အနည်းဆုံးတော့ 64 GB တော့ ရှိသင့်ပါတယ်။ Storage များများ လိုသူများအတွက် Cloud Storage တွေလည်း ဈေးသက်သက်သာသာနဲ့ ရနိုင်နေပါပြီ။​

၇။ Screen or Display ( ဖုန်းမျက်နှာပြင်)

နေ့စဉ်နဲ့အမျှ ဖုန်းအသုံးပြုတာ များတဲ့လူတွေအတွက် Screen display တွေကလည်း ထည့်စဉ်းစားရမယ့် အချက်ဖြစ်လာပါတယ်။ ဖုန်းသုံးတာ များရင် ဒါမှမဟုတ် အသက်ကြီးပိုင်းတွေအတွက် Screen size ကြီးတာမျိုး ရွေးသင့်ပါတယ်။ ငွေပမာဏ သတ်မှတ်ချက်အတွင်းဝင်ရင် LCD ထက် OLED, AMOLED ကို ရွေးချယ်သင့်ပါတယ်။ ဗီဒီယိုကြည့်မယ် ဆိုရင် resolution က အနည်းဆုံး Full HD တော့ ရှိသင့်ပါတယ်။​

ဆက်စပ်သတင်းများ

First Look: Apple Unveils iPhone 17, iPhone Air, and a Smarter AirPods Pro 3

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

၈။ Others (အခြား)

ကျန်တာကတော့ ဖုန်း Design က ကိုယ့်အကြိုက်နဲ့ ကိုက်ရဲ့လား။ Fingerprint လား၊ Face Unlock လား၊ ကိုယ်မလိုချင်တဲ့ app တွေ နဂိုကတည်းက ပါနေလား (တရုတ်ဖုန်းတွေဆို တရုတ် app တွေ ပါနေတတ်ပါတယ်။ ဖြုတ်လို့လည်း မရပါဘူး)။ နောက် မိုးတွင်းအတွက်ဆို ရေစိုခံလား၊ ရေစိမ်ခံလား။

ဒီလောက်ဆို ဖုန်းဝယ်ဖို့အတွက် အတော်အသင့်တော့ စဉ်းစားတတ်ပြီ ထင်ပါတယ်။ ဖုန်းဝယ်ဖို့ ဘယ်အချက်ကို အဓိကထား စဉ်းစားဖြစ်လဲ ဖြေပေးပါဦး။

[poll id=”2″]

ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Apple

First Look: Apple Unveils iPhone 17, iPhone Air, and a Smarter AirPods Pro 3

September 10, 2025
Xiaomi

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

October 17, 2023 - Updated on September 8, 2025
Social Media

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

July 6, 2023
Tips & Tricks

သိန်း ၁၅၀ ဖိုး Email Marketing Service ကို အခမဲ့ ဘယ်လိုယူမလဲ

June 16, 2023 - Updated on September 5, 2025
Mobile

ကမ္ဘာ့ထိပ်တန်း SoC ထုတ်လုပ်တဲ့ company များ

December 14, 2022
Mobile

ကင်မရာတွေမှာ ပါ၀င်နေတဲ့ software တွေအကြောင်း 

November 18, 2022 - Updated on September 11, 2025
Next Post

iOS 11 မှ 13.5 အထိ jailbreak လုပ်နိုင်သည့် tool ထွက်ရှိ

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.