Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home Mobile iOS

iOS 11 မှ 13.5 အထိ jailbreak လုပ်နိုင်သည့် tool ထွက်ရှိ

idigital news by idigital news
May 25, 2020 - Updated on November 26, 2020
Reading Time: 1 min read

unc0ver လို့ ခေါ်တဲ့ ဟက်ကာအဖွဲ့တစ်ဖွဲ့က iOS device တွေအတွက် jailbreak လုပ်နိုင်မယ့် tool တစ်ခုကို ထုတ်ပေးခဲ့ပါတယ်။ အဆိုပါ tool ဟာ မကြာခင်ကမှ ထွက်ရှိထားတဲ့ iOS 13.5 အထိ jailbreak ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

အရင်က jailbreak tool တွေဟာ နောက်ဆုံးထွက်ရှိတဲ့ iOS version ကို jailbreak မပြုလုပ်နိုင်ဘဲ jailbreak ပြုလုပ်ချင်သူတွေဟာ iOS version အဟောင်းကို အသုံးပြုမှသာ jailbreak ရရှိခဲ့ကြတာ ဖြစ်ပါတယ်။

Apple ဟာ ပုံမှန်အားဖြင့် သူတို့ရဲ့ iPhone တွေ၊ iOS device တွေကို လုံခြုံရေးအကြောင်းပြချက်နဲ့ အပြည့်အဝ ပြုပြင်ခွင့်၊ ထိန်းချုပ်ခွင့် မပေးပါဘူး။ Jailbreak tool တွေက iOS ရဲ့ ချို့ယွင်းချက်တွေ၊ လုံခြုံရေး အားနည်းချက်တွေကို ရှာဖွေ အသုံးချပြီး အသုံးပြုသူတွေအတွက် အပြည့်အဝ ထိန်းချုပ်ခွင့် ရစေတာ ဖြစ်ပါတယ်။

အခု unc0ver အဖွဲ့က ထုတ်ပေးလိုက်တဲ့ jailbreak tool ဟာ zero-day vulnerability (Apple က သတိမမူမိတဲ့ လုံခြုံရေးယိုပေါက်) ကို အသုံးပြုထားတာကြောင့် လက်တလော ထွက်ရှိထားတဲ့ iOS 13.5 အထိ jailbreak ပြုလုပ်နိုင်တာ ဖြစ်ပါတယ်။ unc0ver ရဲ့ tool ဟာ ငါးနှစ်အတွင်း zero-day vulnerability ကို အသုံးပြုပြီး ထွက်ရှိလာတဲ့ ပထမဆုံး jailbreak tool လည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

First Look: Apple Unveils iPhone 17, iPhone Air, and a Smarter AirPods Pro 3

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

#unc0ver v5.0.0 will be the first 0day jailbreak released since iOS 8!

Every other jailbreak released since iOS 9 used 1day exploits that were either patched in the next beta version or the hardware.

This will be a big milestone for jailbreaking.

— Pwn20wnd (@Pwn20wnd) May 23, 2020

unc0ver ရဲ့ tool နဲ့ jailbreak ပြုလုပ်ချင်တယ်ဆိုရင် iOS, macOS, windows နဲ့ Linux တွေကနေ ပြုလုပ်နိုင်မှာ ဖြစ်ပြီး အသုံးပြုနည်းကို unc0ver ရဲ့ website မှာ ဖော်ပြထားပါတယ်။

လုံခြုံရေး ကျွမ်းကျင်သူများကတော့ jailbreak ပြုလုပ်ခြင်းဟာ စက်ရဲ့ လုံခြုံရေးကို ထိခိုက်စေနိုင်ပြီး malware တွေ၊ ဗိုင်းရပ်စ်တွေ ဝင်လာနိုင်တယ်လို့ သတိပေးထားပေမယ့် unc0ver team ကတော့ အခု jailbreak ဟာ အရင် jailbreak တွေနဲ့ မတူပဲ Apple ရဲ့ လုံခြုံရေးစနစ်ကို မထိခိုက်စေတာကြောင့် အန္တရာယ်မရှိဘူးလို့ ဖော်ပြထားပါတယ်။

ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Apple

First Look: Apple Unveils iPhone 17, iPhone Air, and a Smarter AirPods Pro 3

September 10, 2025
Xiaomi

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

October 17, 2023 - Updated on September 8, 2025
Social Media

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

July 6, 2023
Tips & Tricks

သိန်း ၁၅၀ ဖိုး Email Marketing Service ကို အခမဲ့ ဘယ်လိုယူမလဲ

June 16, 2023 - Updated on September 5, 2025
Mobile

ကမ္ဘာ့ထိပ်တန်း SoC ထုတ်လုပ်တဲ့ company များ

December 14, 2022
Mobile

ကင်မရာတွေမှာ ပါ၀င်နေတဲ့ software တွေအကြောင်း 

November 18, 2022 - Updated on September 11, 2025
Next Post

OPPO က ဥရောပဈေးကွက်ကို ချဲ့ထွင်ဖို့ Vodafone နဲ့ စာချုပ်ချုပ်

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.