မကြာသေးခင်က မိတ်ဆက်ထားခဲ့တဲ့ One Plus 8 pro ရဲ့ Camera filter တွေမှာ မမျှော်လင့်ပဲ X-Ray ကဲ့သို့ အရာဝတ္တုတွေကို ဖောက်မြင်နိုင်တဲ့ လုပ်ဆောင်ချက် ရရှိနေပါတယ်။ တကယ်လို့ သင့်မှာ One Plus 8 Pro တစ်လုံး ရှိနေမယ်ဆိုရင် အခုပဲ စမ်းကြည့်နိုင်ပါတယ်။ Camera app ကို ဖွင့်ပြီး Photocrom filter ကို ပြောင်းလိုက်မယ်ဆိုရင် အနက်ရောင် အရာဝတ္တုတွေကို ဖောက်မြင်နေနိုင်တာ တွေ့ရမှာပါ။
ဒီ တွေ့ရှိချက်ကို Ben Geskin ဆိုသူက twitter မှာ ပြသခဲ့တာပါ။
One of the best examples 🤯#OnePlus8Pro Color Filter Camera can see through some plastic pic.twitter.com/UkaxdyV6yP
— Ben Geskin (@BenGeskin) May 13, 2020
ဒါ့အပြင် Unbox Theraphy ဆိုတဲ့ Youtube Channel ကလည်း အနက်ရောင် အရာဝတ္ထုအမျိုးမျိုးအပြင် အဝတ်အစားကိုပါ ဖောက်မြင်နိုင်ကြောင်း အခုလို ပြသခဲ့ပါတယ်။
One Plus အနေနဲ့ ယခုဖြစ်ရပ်အတွက် တောင်းပန်ခဲ့ပြီး Photocrom filter ကို ခေတ္တ ပိတ်ထားမယ့် System update ကို တစ်ပတ်အတွင်း ထုတ်ပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။ One Plus အနေနဲ့ Photocrom filter ကို ပြန်အသုံးပြုခွင့် မပြုခင်မှာ ပုဂ္ဂိုလ်ရေး လုံခြုံစိတ်ချရမှု ရှိဖို့ ပြင်ဆင်သွားမယ်လို့ Weibo ကနေတစ်ဆင့် ထုတ်ပြန်ထားပါတယ်။