This post is also available in:
သင့်မှာ ကွန်ပျူတာ တစ်လုံးသာ ရှိခဲ့မယ်ဆိုရင် Windows Solitaire လို့ ခေါ်တဲ့ Microsoft Solitaire နဲ့ ရင်းရင်းနှီးနှီး ရှိခဲ့မယ်ဆိုတာ သေချာသလောက်ပါပဲ။ အခုတော့ Microsoft Solitaire ဂိမ်းဟာ နှစ်ပေါင်းသုံးဆယ် ရှိခဲ့ပါပြီ။ ဒီဂိမ်းကို ၁၉၉၀ ခုနှစ်က Windows 3.0 မှာ စတင်ထည့်သွင်းခဲ့ပါတယ်။ အဲ့အချိန်ကတော့ ဒီဂိမ်းဟာ Windows အသုံးပြုသူတွေအတွက် စိတ်အပန်းဖြေစရာ တခုဖြစ်ခဲ့ပါတယ်။
အခု ဒီဂိမ်းကို Windows တင်မကပဲ ဖုန်းတွေမှာပါ ဆော့လို့ ရနေပါပြီ။ ဒီဂိမ်းကို ဆော့တဲ့လူဟာ တစ်လကို ၃၅ သန်း ရှိတယ်လို့ Microsoft က ကြေညာပါတယ်။ Microsoft Solitaire ဟာ ဆယ်စုနှစ် ၃ ခုစာ ရပ်တည်လာခဲ့ပြီး အများဆုံး ကစားတဲ့ဂိမ်းတွေထဲက တခု ဖြစ်လာပါတယ်။
ဒီဂိမ်းကို မိုက်ကရိုဆော့ဖ်ရဲ့ အလုပ်သင်ဝန်ထမ်း Wes Cherry က တီထွင်ခဲ့ပြီး Windows 3.0 နဲ့ မရင်းနှီးတဲ့ အသုံးပြုသူတွေကို လေ့ကျင့်နိုင်ဖို့ ရည်ရွယ်ခဲ့ပါတယ်။ ဂိမ်းဆော့ရင်းနဲ့ Mouse ကို ရွှေ့ကစားရင်း လေ့ကျင့်နိုင်မှာ ဖြစ်ပါတယ်။
Microsoft က ကစားတဲ့လူတွေကို ဖိတ်ခေါ်ပြီး အွန်လိုင်းပွဲလေးတစ်ခု ပြုလုပ်ရင်းနဲ့ Microsoft Solitaire ရဲ့ နှစ်သုံးဆယ်ပြည့်ပွဲကို ဆင်နွှဲခဲ့ကြပါတယ်။