This post is also available in:
Microsoft ဟာ တကမ္ဘာလုံးမှာ ရှိတဲ့ လက်လီအရောင်းဆိုင်တွေကို ပိတ်ပြီး အွန်လိုင်းကနေသာ ရောင်းချတော့မယ်လို့ သောကြာနေ့က ကြေညာခဲ့ပါတယ်။ နေရာလေးခုမှာ စမ်းသပ်သုံးစွဲနိုင်ဖို့သာ ထားရှိပေးတော့မှာ ဖြစ်ပြီး online store အနေနဲ့သာ ဆက်လက်ရောင်းချသွားမှာပါ။
အဆိုပါ ကြေညာချက်အရ Pandemic ကာလ ပိတ်ထားရတဲ့ Microsoft store ပေါင်း တစ်ရာနီးပါးဟာ ပြန်ဖွင့်တော့မှာ မဟုတ်ပါဘူး။ စမ်းသပ်သုံးစွဲဖို့ ထားပေးမယ့် လေးနေရာကတော့ လန်ဒန်၊ နယူးယောက်၊ Sydney နဲ့ ဝါရှင်တန်က Microsoft ရုံးချုပ်တို့ပဲဖြစ်ပါတယ်။
“ကျွန်တော်တို့ရဲ့ အရောင်းကဏ္ဍဟာ ဒစ်ဂျစ်တယ်စနစ်မှာ အများကြီး တိုးတက်လာပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒစ်ဂျစ်တယ်စတိုးကို ပိုမိုအာရုံစိုက်သွားမှာ ဖြစ်ပါတယ်။” လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီနှစ်ပိုင်းမှာ မိုက်ကရိုဆော့ဖ်အနေနဲ့ cloud computing ကို ပိုမိုအားစိုက်လာပြီး လက်လီအရောင်းဆိုင်တွေကတော့ Surface tablets and laptops တွေ၊ Xbox တွေ ရောင်းချပေးနေတာပါ။ ဒါပေမယ့် လက်လီအရောင်းဆိုင်တွေအနေနဲ့ ပြိုင်ဘက် Apple Store တွေကို ယှဉ်နိုင်ခြင်း မရှိခဲ့ပါဘူး။
နည်းပညာလေ့လာဆန်းစစ်သူ Neil Cybart က Microsoft store တွေ ပိတ်တာဟာ Surface devices တွေကို သုံးစွဲသူတွေ စိတ်ဝင်စားမှု လျော့ကျလာတာကြောင့် လို့ ဆိုပါတယ်။