This post is also available in: English
iOS အသုံးပြုသူတွေအတွက် Messenger ကို လော့ခ်ချထားနိုင်မယ့် လုပ်ဆောင်ချက်ကို Facebook က စမ်းသပ်ထည့်သွင်းပေးနေပါပြီ။ ဒီလုပ်ဆောင်ချက်က Facebook က ထုတ်တဲ့ WhatsApp အက်ပလီကေးရှင်းမှာ အသုံးပြုနိုင်ပြီဖြစ်ပြီး မကြာခင်မှာ Messenger အတွက် ရရှိတော့မှာပါ။
အသုံးပြုသူတွေအနေနဲ့ Messenger ကို ဖွင့်တဲ့အကြိမ်တိုင်း FaceID(TouchID) ကို ထည့်သွင်းဖို့ လိုအပ်မလား။ ဒါမှမဟုတ် တစ်ကြိမ် လော့ခ်ဖွင့်ပြီး အချိန်တစ်ခုထိ သတ်မှတ်ထားမလား ဆိုတာ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်က App တစ်ခုလုံးအတွက်သာ ရရှိမှာ ဖြစ်ပြီး conversation တစ်ခုချင်းစီအတွက်တော့ ရရှိမှာ မဟုတ်ပါဘူး။
Facebook က ဒီလုပ်ဆောင်ချက်ကို လူအနည်းငယ်ကို အသုံးပြုခွင့် ပေးထားပြီ ဖြစ်ပြီး မကြာခင်မှာ လူအများစုကို အသုံးပြုခွင့် ပေးတော့မှာဖြစ်ပြီး Android တွေအတွက်ပါ ရရှိနိုင်မယ်လို့ ဆိုပါတယ်။
Facebook ရဲ့ ပြောရေးဆိုခွင့်ရသူ တစ်ဦးက ” ကျွန်တော်တို့အနေနဲ့ အသုံးပြုသူတွေက သူတို့ရဲ့ message တွေကို ကာကွယ်ဖို့ ရွေးချယ်စရာတွေ၊ နည်းလမ်းတွေကို ပိုမိုလုပ်ဆောင်ပေးချင်ပါတယ်။ ဒါကြောင့် မကြာသေးခင်က မက်ဆင်ဂျာအတွက် lock လုပ်နိုင်မယ့် feature ကို စမ်းသပ်နေခဲ့ပြီး ဒါက အသုံးပြုသူတွေရဲ့ messages တွေကို အခြားလူတွေက ဝင်ကြည့်လို့ မရအောင် ကာကွယ်ပေးမယ့် နောက်ထပ် နည်းလမ်းတစ်ခု ဖြစ်မှာပါ။” လို့ ပြောခဲ့ပါတယ်။