Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home Tips & Tricks

VPN အကြောင်း ၊ ဘယ်လိုအလုပ်လုပ်လဲ၊ ဘယ်လိုရွေးချယ်မလဲ။

idigital news by idigital news
September 28, 2022 - Updated on October 14, 2022
Reading Time: 2 mins read

ဟိုးအရင်တုန်းက VPN ကို အသုံးပြုကြတဲ့သူတွေဟာ အခုချိန်လောက်မများပြားသေးပါဘူး။လက်ရှိအခြေအနေတွေအရ Facebook ထဲ၀င်ဖို့၊ကိုယ့်နိုင်ငံ regionမှာ အသုံးပြုလို့မရအောင်တားမြစ်ထားတဲ့ လူမှုကွန်ယက်တွေနဲ့ website တွေထဲ၀င်ဖို့ VPN တွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါတယ်။ အဲ့ဒါကြောင့်မို့ VPN ဆိုတာ ဘာလဲ၊VPN တွေဘယ်လိုအလုပ်လုပ်လဲ အစရှိတဲ့ VPN အကြောင်း တွေကို ပြောပြချင်ပါတယ်။

ကျွန်တော်တို့တွေ အင်တာနက်အသုံးပြုတဲ့အခါမှာ Wifi နဲ့ပဲဖြစ်ဖြစ် Mobile data network နဲ့ဖြစ်ဖြစ် ချိတ်ဆက်ပြီး အသုံးပြုကြပါတယ်။ ဒီ network တွေဟာ လူတိုင်းချိတ်ဆက်အသုံးပြုကြတဲ့ public network တွေဖြစ်တယ်။ တစ်ချို့နိုင်ငံတွေမှာဆိုရင် အစိုးရကနေပြီးတော့ internet service providerရဲ့ အကူအညီနဲ အချို့သော websites တွေကို ကြည့်လို့မရအောင် ပိတ်ထားတာတွေရှိပါတယ်။ တရုတ်နိုင်ငံဆို google တို့ Facebook တို့ပိတ်ထားပြီး မြန်မာနိုင်ငံမှာဆိုလည်း Facebook, Twitter, Instagram, Wikipedia စတာတွေကို  အသုံးပြုခွင့်ကပိတ်ထားပါတယ်။အကယ်လို့ ကိုယ်ကသုံးခဲ့မယ်ဆိုရင်လည်း ကျွန်တော်တို့သုံးနေတာဟာ public network ဖြစ်နေတဲ့အတွက် ‌ခြေရာခံစောင့်ကြည့်နေပြီး ပိတ်ပစ်လိုက်လို့ရပါတယ်။ 

တချို့‌ public နေရာတွေမှာ free ပေးထားတဲ့ wifi တွေရှိပါတယ်။ ဥပမာ City Mart လို့ ဈေး၀ယ်စင်တာတွေနဲ့ကော်ဖီဆိုင် တို့လိုနေရာမျိုးတွေနဲ့ hotel စားသောက်ဆိုင် တွေလိုနေရာမျိုးမှာပေါ့။ အဲ့ဒီလို free ပေးထားတဲ့ wifi တွေကိုအလွယ်တကူအသုံးမပြုသင့်ပါဘူး။ဘာလို့လဲဆိုတော့ မသမာသူတွေသာ မိမိရဲ့ ကိုယ်ရေးအချက်အလက်တွေကို ခိုးယူသွားနိုင်လို့ပါ။

ဒါကြောင့် ကိုယ့်ရဲ့အချက်အလက်တွေ လုံခြုံမှုရှိအောင် ကိုယ့်ကို အခြားသူတွေက ခြေရာခံစောင့်ကြည့်နေတာ မခံရအောင် private network ရှိဖို့လိုအပ်ပါတယ်။ VPN ဆိုတာကတော့ အခြားသူက ကိုယ့်ကို အင်တာနက်ပေါ်ကနေ စောင့်ကြည့်လို့မ‌ရအောင်၊ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေခိုးယူမခံရအောင်လို့ private network ဖြစ်ဖို့ သုံးတာဖြစ်ပါတယ်။ 

VPN အကြောင်း

VPN ရဲ့အရှည်ကတော့ Virtual Private Network ပဲဖြစ်ပါတယ်။အချို့ကတော့ VPN ကို privacy အတွက် လုံခြုံစိတ်ချရအောင် အသုံးပြုပြီးတော့ အချို့ကတော့ တားမြစ်ထားတဲ့ websites တွေထဲကို၀င်ဖို့ အသုံးပြုကြပါတယ်။ 

ကျွန်တော်တို့ဟာ internet ကို VPN နဲ့သုံးပြီဆိုတာနဲ့ _
ပထမအဆင့် ဖုန်းကို ဒေသအတွင်း ISP နဲ့ချိတ်ဆက်ပါတယ်။ ပြီးတော့ ကိုယ်လက်ရှိရောက်နေတဲ့နေရာရဲ့ မတူတဲ့ ဥပမာ Singapore, England, Malaysia အစရှိတဲ့ နိုင်ငံတွေရဲ့ VPN sever တွေကိုချိတ်ဆက်ဖို့ message လှမ်းပို့မှာဖြစ်ပါတယ်။ ဒုတိယအဆင့်အနေနဲ့ ISP ကလက်ခံပြီး VPN sever ကိုချိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ တတိယအဆင့်အနေနဲ့ ကိုယ်သုံးချင်တဲ့ app သို့မဟုတ် websitesကို ချိတ်ဆက်ဖို့အတွက် ဖုန်းထဲကို ကုဒ်ဝှက်ထားတဲ့ message တစ်ခုပေးပို့မှာပဲ ဖြစ်ပါတယ်။ စတုတ္ထအဆင့်အနေနဲ့ VPN ကိုသုံးစွဲနေတဲ့ app သို့ဟုတ် websites နဲ့ချိတ်ဆက်မှာဖြစ်ပါတယ်။

Overview of VPN Clients & Servers

အဲ့ဒီနောက် အသုံးပြုနေတဲ့ သုံးစွဲသူရဲ့ အချက်အလက်တွေကို VPNဆီ ပြန်ပို့မှာဖြစ်ပြီး နောက်ဆုံးအဆင့်အနေနဲ့ VPN က ISP ကနေပြန်လည်ပေးပို့တဲ့ အချက်လက်ကို ဖုန်းဆီသို့ပို့ပေးမှာဖြစ်ပါတယ်။ဒီချိတ်ဆက်မှုကတစ်ဆင့် ISP ဟာ သုံးစွဲသူရဲ့ သတင်းအချက်အလက်ကို မသိရှိနိုင်တော့ပါဘူး။ အဓိပ္ပါယ်မရှိတဲ့ message တစ်ခုအဖြစ်နဲ့ပဲ မြင်နေပါလိမ့်မယ်။အလွယ်ပြောပြရရင်တော့ VPN ကသုံးစွဲသူရဲ့ ID ကိုအတုလုပ်ပေးတာပဲဖြစ်ပြီး အချက်အလက်တွေကို ဘယ်သူမှမသိနိုင်အောင် သော့ခတ်ပေးလိုက်သလိုပါပဲ။ဒါကတော့ VPN ရဲ့ အလုပ်လုပ်ပုံဖြစ်ပါတယ်။

ဘယ်လို VPN ကို ရွေးချယ်သင့်သလဲ

VPN တစ်ခုကို ရွေးချယ်တော့မယ်ဆိုရင် ကိုယ်ရွေးချယ်လိုက်တဲ့ VPN အကြောင်း ကို သိထားဖို့ လိုပါတယ်။

ဆက်စပ်သတင်းများ

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

လက်ရှိအပြင်မှာ free VPN တွေအပြင် ပိုက်ဆံပေးပြီး၀ယ်သုံးရတဲ့ Premium VPN တွေလည်းရှိပါတယ်။ Free VPN တွေဟာ မလုံခြုံသလို ပိုက်ဆံပေးရတဲ့ VPN တိုင်းလည်း အကုန်ယုံလို့မရပါဘူး။ အဲ့ဒါကြောင့်မို့ ကိုယ်သုံးမယ့် VPN company ရဲ့ ကိုယ်ရေးကိုယ်တာမူဝါဒ(Privacy Policy)ကို သွားစစ်ဆေးသင့်ပါတယ်။ 

VPN အသုံးပြုဖို့ရွေးချယ်တော့မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ဒီ VPN ဟာ connection ကောင်းမကောင်းကြည့်ရပါမယ်။ ပြီးတော့ သုံးစွဲသူအချက်အလတ် မှတ်တမ်းတင်မတင်စစ်ဆေးပါ။တကယ်လို့မှတ်တမ်းတင်ထားတယ်ဆိုရင်တော့ အဲ့ဒီ VPN ကိုအသုံးမပြုပါနဲ့။ တစ်ချို့ VPN တွေဟာ သုံးစွဲသူတွေရဲ့ အချက်အလက်ကိုမှတ်တမ်းတင်ထားပြီး အခြားသူတွေဆီ ရောင်းစားတတ်ကြလို့ပါ။ အဲ့ဒါကြောင့်မို့ သုံးစွဲသူ မှတ်တမ်းမတင်တဲ့ VPN ပဲရွေးသုံးပါ။

ပြီးရင် VPN sever အရေအတွက်ကိုလည်း ကြည့်ရမှာပါ။ VPN sever ဟာ ဘယ်နှစ်နိုင်ငံမှာရှိသလဲပေါ့။ sever ရှိတဲ့ နိုင်ငံအရည်အတွက်များလေ သုံးစွဲလို့ရတဲ့နိုင်ငံများတဲ့အတွက် သုံးရတာပိုအဆင်ပြေပါတယ်။ဥပမာ ကိုယ်သုံးနေတဲ့ နိုင်ငံရဲ့ sever က သုံးစွဲသူတွေများနေပြီး busy ဖြစ်နေရင် အခြားနိုင်ငံပြောင်းသုံးရမှာမို့ သုံးစွဲလို့ရတဲ့ နိုင်ငံများလေပိုကောင်းလေပါပဲ။ ပြီးတော့ဈေးသက်သာပြီး သင့်တင့်တဲ့ VPN ကိုရွေးချယ်အသုံးပြုပါလို့ပဲ တိုက်တွန်းပါရစေ။

Tags: privacyVPN
ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Xiaomi

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

October 17, 2023 - Updated on September 8, 2025
Social Media

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

July 6, 2023
Blockchain & Crypto

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

June 21, 2023 - Updated on September 5, 2025
Tips & Tricks

သိန်း ၁၅၀ ဖိုး Email Marketing Service ကို အခမဲ့ ဘယ်လိုယူမလဲ

June 16, 2023 - Updated on September 5, 2025
Facebook

ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုအတွက် Facebook က အသုံးပြုသူတွေကို ဒေါ်လာ ၇၂၅ သန်း လျော်ကြေးငွေ ပေးမည်

April 21, 2023
Mobile

ကင်မရာတွေမှာ ပါ၀င်နေတဲ့ software တွေအကြောင်း 

November 18, 2022 - Updated on September 11, 2025
Next Post

Tesla ရဲ့ပထမဆုံးသော စက်ရုပ် Tesla Bot သို့မဟုတ် Optimus

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.