This post is also available in:
ကျွန်တော်တို့ YouTube video တွေ ကြည့်တဲ့အခါ ကြော်ငြာတွေက တကယ် စိတ်အနှောက်အယှက်ဖြစ်စရာပါ။ YouTube ကြည့်နေတဲ့အချိန် ကြော်ငြာတွေ မတက်အောင် ပိတ်လို့ ရမယ့် ဒီနည်းလမ်းလေးက Reddit မှာ မျှဝေထားတာ တွေ့ရှိခဲ့ပါတယ်။ ဒီနည်းလမ်းလေးက software တွေ၊ extension တွေ ထပ်ထည့်စရာ မလိုပါဘူး။
ဒီနည်းလမ်းကတော့ youtube.com ရဲ့ နောက်မှာ နောက်ထပ် . (dot) လေး ထပ်ထည့်ပေးရုံပါပဲ။ ဥပမာ _ https://www.youtube.com/watch?v=f5fwhXQYL-0 ဆိုရင် https://www.youtube.com./watch?v=f5fwhXQYL-0 ဖြစ်သွားပါမယ်။
ဒါဆိုရင် youtube က ဘေးမှာ ပြနေတဲ့ ကြော်ငြာတွေအပြင် ဗီဒီယိုဖွင့်ရင် ရှေ့ကတက်လာတဲ့ ကြော်ငြာတွေပါ မတက်လာတော့ပါဘူး။
ဘာလို့ ဒီလိုဖြစ်ရလဲဆိုရင် နောက်မှာ . ထည့်လိုက်တဲ့အတွက် ကြော်ငြာတွေရဲ့ hostname မတူတော့ဘူးလို့ ယူဆတာကြောင့် ကြော်ငြာတွေ ပြသခြင်း မရှိတော့တာလို့ ယူဆရပါတယ်။
မကြာခင်မှာ google က ဒါကို ပြင်ဆင်လိမ့်မယ်လို့ ယူဆရတာကြောင့် ဘယ်အချိန်ထိ ဒါကို သုံးလို့ရနေမလဲ မသိသေးပါဘူး။