Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home Featured

Let’s watch netflix movies together online

idigital news by idigital news
May 11, 2020 - Updated on November 26, 2020
Reading Time: 2 mins read

အခုလို အင်တာနက်တွေ တွင်တွင်ကျယ်ကျယ် မသုံးနိုင်ကြခင်က အိမ်မှာ မိသားစုတွေ အတူတူ စုပြီး ရုပ်မြင်သံကြားက လာတဲ့ ဇာတ်လမ်းတွေ ကြည့်ကြတယ်။ ဗီဒီယိုခွေငှားပြီး စုကြည့်ကြတယ်။ နောက်ပိုင်း အင်တာနက်ခေတ်ဖြစ်လာတော့ တော်တော်များများက အွန်လိုင်းပေါ်ရောက်လာကြတယ်။ ရုပ်ရှင်စုကြည့်ကြတဲ့ အလေ့အထ ရှိကြသေးရဲ့လားတော့ မသိဘူး။

အခုဆိုရင် Netflix တို့ Cookie တို့လို Movie Streaming platform တွေ ပေါ်လာတော့ နိုင်ငံတကာ ရုပ်ရှင်တွေ ကြည့်ရတာ ပိုအဆင်ပြေလာကြတယ်။ အခုလို အိမ်တွင်းအောင်းနေကြရတဲ့အချိန် အွန်လိုင်းကနေ netflix movie တွေကို သူငယ်ချင်းတွေ အတူတူ ကြည့်ကြဖို့ နည်းလမ်းတစ်ခု ပြောပြချင်ပါတယ်။

Netflix က screen sharing app တော်တော်များများနဲ့ အလုပ်မလုပ်ပါဘူး။ copyright အရ share လို့ မရအောင် ပိတ်ထားပုံ ရပါတယ်။

ဆက်စပ်သတင်းများ

သိန်း ၁၅၀ ဖိုး Email Marketing Service ကို အခမဲ့ ဘယ်လိုယူမလဲ

ကမ္ဘာ့ထိပ်တန်း SoC ထုတ်လုပ်တဲ့ company များ

၁။ အရင်ဆုံး Chrome browser မှာ https://www.netflix.com ကို သွားပြီး ကိုယ့်ရဲ့ အကောင့်ကို Log In ဝင်ထားပါ။ ပြီးရင် tab အသစ်တစ်ခုဖွင့်ပြီး https://kosmi.io/ ဆိုတဲ့ website ကို သွားပါ။ အကောင့်ဖွင့်စရာ၊ software သွင်းစရာ မလိုပါဘူး။

၂။ Launch Now ဆိုတာကို ဝင်လိုက်ပါ။

၃။ အောက်ကလို တွေ့ရင် Create Room ကို ဆက်နှိပ်ပါ။

၄။ Public နဲ့ Private နှစ်ခု တွေ့ပါမယ်။ Public က Lobby မှာ ကိုယ့်ရဲ့ Room ကို ပြပေးမှာ ဖြစ်ပြီး တခြားလူတွေလည်း ဝင်ကြည့်လို့ ရမှာ ဖြစ်ပါတယ်။ Private ဆိုရင် Lobby မှာ မပြပေးပဲ ကိုယ့်သူငယ်ချင်း အချင်းချင်း link share ပြီး ကြည့်လို့ ရမှာ ဖြစ်ပါတယ်။ တစ်ခုရွေးပြီး create ကို နှိပ်ပါ။

၅။ အောက်ကပုံလို တွေ့ရင် Screenshare ကို ဆက်နှိပ်ပါ။

၆။ ဒါဆို အောက်ကလို screen share လို့ ရမယ့် နေရာ ရောက်ပါမယ်။ “Click here to share your screen” ကို နှိပ်ပါ။

၇။ ပြီးရင် Chrome Tab ကို သွားပြီး Netflix ကို ရွေးပေးပါ။ အောက်နားက Share audio ကို အမှန်ခြစ်ဖို့ မမေ့ပါနဲ့။

၈။ Share ကို နှိပ်လိုက်ရင် Netflix ဖွင့်ထားတဲ့ tab ကို ရောက်ပါမယ်။ Kosmi ဖွင့်ထားတဲ့ tab ကို ပြန်သွားပြီး link ကို copy ကူးပါ။ သူငယ်ချင်းတွေဆီ ပို့ပြီး အတူတူ ကြည့်လို့ ရပါပြီ။ တစ်ဖက်က သူငယ်ချင်းက Netflix အကောင့် ရှိစရာ မလိုပါဘူး။ link ကို ဖွင့်ပြီး အတူတူ ကြည့်လို့ ရပါပြီ။ Video Chat ကော ရိုးရိုး chat ကော ပါတော့ အချင်းချင်း ပွားလို့လည်း ရတာပေါ့။

တလက်စတည်း နောက်တစ်ခု ထပ်ပြီး ရှဲပေးလိုက်ပါမယ်။ နောက်တစ်ခုက Netflix Party ဆိုတဲ့ Chrome Extension ပါ။ https://www.netflixparty.com/ ကနေ extension ကို ရယူနိုင်ပါတယ်။ Kosmi နဲ့ မတူတာက သူက တစ်ဖက်က သူငယ်ချင်းဆီမှာပါ netflix အကောင့်ရှိဖို့ လိုပါတယ်။

ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Tips & Tricks

သိန်း ၁၅၀ ဖိုး Email Marketing Service ကို အခမဲ့ ဘယ်လိုယူမလဲ

June 16, 2023 - Updated on September 5, 2025
Mobile

ကမ္ဘာ့ထိပ်တန်း SoC ထုတ်လုပ်တဲ့ company များ

December 14, 2022
Future Tech

သင့်ရဲ့ဖုန်းနဲ့ Small Gadget တွေကို အားသွင်းပေးနိုင်မယ့် အဝတ်စ

November 14, 2022
Future Tech

Meta က မိတ်ဆက်လိုက်တဲ့ ဒေါ်လာ ၁၅၀၀ တန် Quest Pro VR Headset အသစ်

October 14, 2022
Facebook

Facebook Followers အရေအတွက် မှားယွင်းပြသမှု ဖြစ်ပေါ်နေ

October 12, 2022
Editors' Picks

Tesla ရဲ့ပထမဆုံးသော စက်ရုပ် Tesla Bot သို့မဟုတ် Optimus

October 3, 2022
Next Post

Facebook Redesign Goes LIVE for everyone - including dark mode

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.