Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home Burma Spring Revolution

လွိုင်​ကော်မြို့နယ်တိုက်ပွဲအတွင်း စစ်​ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦး အပါအဝင် ​သေဆုံးသူများပြား

idigital news by idigital news
August 29, 2021 - Updated on March 3, 2022
Reading Time: 2 mins read

ကယားပြည်နယ်၊ လွိုင်​ကော်မြို့နယ်တွင် ယမန်နေ့ ဩဂုတ်၂၈ ရက်နေ့က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ် KNDF တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

လွိုင်​ကော်မြို့နယ် တီးလုံအုပ်စု၊ ကွန်နားကျေးရွာနှင့် ဒေါတဟေးကျေးရွာအနီးသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို KNDF က ခုခံတိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီးတစ်ဦး သေဆုံးပြီး လက်နက်အချို့လည်း သိမ်းဆည်းရမိသည်ဟု ခိုင်မာသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

“တိုက်ပွဲက မနက် ၈ နာရီကတည်းက တိုက်ပွဲစနေတာ ည ၇ နာရီ လောက်မှ ငြိမ်သွားတယ်။ စကစဘက်က လက်နက်တချို့ကို KNDF အဖွဲ့က သိမ်းဆည်းရမိတယ်။ သုံးပွင့်ဗိုလ်တစ်ယောက်ကျတယ်လို့လည်း သိရတယ်။ စကစဘက်က အကျများတယ်” ဟု ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ကွန်နားကျေးရွာရှိ ပြည်သူတို့၏ နေအိမ်အချို့တွင်လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ကြောင်း သူကဆက်ပြောသည်။

KNDF က သိမ်းဆည်းရမိသည့် လက်နက်များမှာ စက်​သေနတ် (၁) လက်၊ လက်ပစ်ဗုံးတစ်လုံး၊ RPG ပို့ကျည်တစ်ချောင်း၄၀ မမ ဗုံးသီးများနှင့် ၅.၅၆ အမျိုးအစားကျည်တို့ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်တွင် လွန်ခဲ့သည့် မေလမှစ၍ စစ်ကောင်စီနှင့် KNDF တို့ကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး ဇွန်လတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရယူခဲ့သော်လည်း စစ်ကောင်စီမှ ဖိနှိပ်မှုများကြောင့် ဩဂုတ်လဆန်းတွင် တကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်

Source: The 74 Media
Tags: KNDFလွိုင်ကော်
ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Xiaomi

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

October 17, 2023 - Updated on September 8, 2025
Social Media

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

July 6, 2023
Blockchain & Crypto

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

June 21, 2023 - Updated on September 5, 2025
Tips & Tricks

သိန်း ၁၅၀ ဖိုး Email Marketing Service ကို အခမဲ့ ဘယ်လိုယူမလဲ

June 16, 2023 - Updated on September 5, 2025
Facebook

ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုအတွက် Facebook က အသုံးပြုသူတွေကို ဒေါ်လာ ၇၂၅ သန်း လျော်ကြေးငွေ ပေးမည်

April 21, 2023
Mobile

ကင်မရာတွေမှာ ပါ၀င်နေတဲ့ software တွေအကြောင်း 

November 18, 2022 - Updated on September 11, 2025
Next Post

Radio NUG - ဩဂုတ်လ 30 ရက် နံနက် (၈) နာရီ ထုတ်လွှင့်မှု

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.