Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home Mobile Android

Android 11 beta မှာ ပါဝင်လာတဲ့ စိတ်ဝင်စားစရာ လုပ်ဆောင်ချက် အသစ်များ

idigital news by idigital news
June 11, 2020 - Updated on March 5, 2022
Reading Time: 3 mins read
source - android central

source - android central

Google က Android 11 beta ကို Pixel ဖုန်းတွေအတွက် မနေ့က ထုတ်ပေးလိုက်ပါပြီ။ Android 11 beta မှာ ဘယ်လိုမျိုး စိတ်ဝင်စားစရာ အသုံးဝင်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာသလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ Android 11 beta ရဲ့ လုပ်ဆောင်ချက်အသစ်တွေကို People, Control နဲ့ Privacy ဆိုပြီး သုံးပိုင်းခွဲနိုင်ပါတယ်။

People

Conversation တွေအတွက် သီးသန့် Notification

source – google

People လုပ်ဆောင်ချက်တွေထဲက တစ်ခုက Notification Panel မှာ chat app တွေ၊ conversations တွေအတွက် Noti ပြတဲ့အခါမှာ သီးသန့်ခွဲပြီး ပြပေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် conversation တစ်ခုချင်းစီအတွက်လည်း Priority ခွဲထားနိုင်မှာ ဖြစ်ပြီး Priority သတ်မှတ်ထားရင် အပေါ်ဆုံးမှာ ပြပေးမှာ ဖြစ်ပါတယ်။ Google အနေနဲ့ Android 10 မှာ အရေးမကြီးတဲ့ app တွေရဲ့ noti ကို silent လုပ်ထားလို့ ရမယ့် silent notification လုပ်ဆောင်ချက်ကို ထည့်ပေးခဲ့ပြီး အခု android 11 မှာတော့ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေနဲ့ ပိုမိုဆက်သွယ်နိုင်ဖို့ People-centric လုပ်ဆောင်ချက်တွေကို ထည့်ပေးထားတာ ဖြစ်ပါတယ်။

Bubbles

source – android central

Android သုံးတဲ့လူတွေကတော့ messenger ရဲ့ chat bubbles လုပ်ဆောင်ချက်နဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ အခု Bubbles လုပ်ဆောင်ချက်ကိုတော့ app တိုင်းအတွက် ရရှိနိုင်မှာ ဖြစ်ပြီး developers အတွေအနေနဲ့ မိမိတို့ရဲ့ app တွေမှာ အသစ်ထွက်ရှိတဲ့ Bubbles API ကို ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။

နောက်ထပ် People လုပ်ဆောင်ချက်တွေကတော့ keyboard တွေရဲ့ suggestions လုပ်ဆောင်ချက်တွေ ပိုမို ကောင်းမွန်လာမှာ ဖြစ်ပြီး ဖုန်းကို အသံနဲ့ အသုံးပြုနိုင်သူတွေ(ဖုန်းscreen ကို ထိတွေ့အသုံးပြုဖို့ ခက်ခဲသူတွေ) အတွက် Voice access accessibility ကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ထားတာ ဖြစ်ပါတယ်။ Voice access ဟာ အရင်က screen ပေါ်က content တွေကို နားလည်နိုင်ခြင်း မရှိပဲ button တွေ၊ လုပ်ဆောင်ချက်တွေကို ဂဏန်းတွေနဲ့ label တပ်ပေးထားပြီး အသုံးပြုသူက သက်ဆိုင်ရာ ဂဏန်းကို ပြောပေးရတာ ဖြစ်ပါတယ်။ အခုအခါမှာတော့ Voice access ဟာ screen ပေါ်မှာ ရှိတဲ့ အရာတွေကို နားလည်နိုင်ပြီ ဖြစ်ပါတယ်။

Controls

Media Control

Source – android central

Android 11 beta မှာ Media control အတွက် အသုံးဝင်တဲ့ လုပ်ဆောင်ချက်ကို ထည့်သွင်းပေးလိုက်ပါပြီ။ သီချင်းဖွင့်လိုက်ပြီး အသံထွက်မလာလို့ ဘာဖြစ်မှန်း မသိတာ ဖြစ်ဖူးကြမယ်ထင်ပါတယ်။ နောက်မှ မိမိရဲ့ bluetooth နားကြပ်နဲ့ ချိတ်မိနေတာ ဖြစ်ပြီး bluetooth ကို ပိတ်ရတာ ဒါမှမဟုတ် နားကြပ်ကို ပိတ်ရတာမျိုး လုပ်ရပါတယ်။

အခု Android 11 မှာ ပါဝင်လာတဲ့ media control ကတော့ ဖုန်းရဲ့ အသံကို ဘယ်ကနေ ထွက်မလဲဆိုတာ အလွယ်တကူ ရွေးချယ်လို့ ရပါပြီ။

Smart Home Control

Android 10 မှာ Power button ကို နှိပ်လိုက်ရင် Google pay ကို အလွယ်တကူ အသုံးပြုနိုင်ဖို့ မိမိရဲ့ credit card/ debit card ကို ပြပေးခဲ့ပါတယ်။ အခုအခါမှာတော့ google pay အပြင် smart home control button တွေကိုပါ ထပ်မံ ထည့်သွင်းပေးထားပါတယ်။

ဆက်စပ်သတင်းများ

The best VPN software for 2024: Security, Speed, and Features Compared

10 AI Tools for Content Writers: Supercharge Your Writing with Artificial Intelligence!

Privacy

Grant permissions on a one-time basis

Privacy အကြောင်းတွေ ကျယ်ကျယ်လောင်လောင် ဖြစ်လာတဲ့နောက်ပိုင်း Google ရဲ့ Android 11 beta မှာလည်း Privacy ကို ကာကွယ်ပေးမယ့် လုပ်ဆောင်ချက်အသစ်တွေကို ထည့်ပေးထားပါတယ်။

Apps တွေရဲ့ background permissions တွေကို one-time basis (တစ်ကြိမ်သာ ခွင့်ပြု) နဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး အသုံးပြုတဲ့အကြိမ်တိုင်း ခွင့်ပြုချက်ပေးဖို့ လိုမှာ ဖြစ်ပါတယ်။ မိမိအသုံးမပြုတော့တာနဲ့ အဆိုပါ app က နောက်ကွယ်ကနေ ဖုန်းရဲ့ လုပ်ဆောင်ချက်တွေကို အသုံးပြုနေနိုင်မှာ မဟုတ်တော့ပါဘူး။

Auto-Reset Permissions

Privacy နဲ့ ပတ်သက်ပြီး နောက်တစ်ခုက Auto reset permissions ဖြစ်ပြီး app တွေကို အသုံးမပြုတာ ကြာလာခဲ့ရင် ခွင့်ပြုထားတဲ့ permission တွေကို အလိုအလျောက် ရုပ်သိမ်းမှာ ဖြစ်ပြီး နောက်တစ်ကြိမ် permission ထပ်ပေးဖို့ လိုမှာ ဖြစ်ပါတယ်။

အခြားစိတ်ဝင်စားစရာ လုပ်ဆောင်ချက်များ

Dark Mode Schedule

Android 10 May update မှာ dark mode ကို Sunset/Sunrise ဆိုပြီး schedule လုပ်ဖို့ option နှစ်ခု ပါဝင်လာပါတယ်။ Android 11 beta မှာတော့ မိမိနှစ်သက်ရာ အချိန်အတိအကျကို ပြောင်းလဲ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

Built-in Screen Recorder

Samsung တို့၊ Oneplus တို့ သုံးတဲ့လူတွေဆိုရင် screen recorder ပါဝင်တာ တွေ့မှာပါ။ အဲ့တာက သက်ဆိုင်ရာ ကုမ္ပဏီက သီးသန့်ထည့်သွင်းထားတာ ဖြစ်ပြီး Android ရဲ့ system built-in မှာတော့ ပါဝင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ အခု Android 11 beta မှာ built-in screen recorder ပါဝင်လာတာ တွေ့ရပါတယ်။

Tags: Android 11Beta versionnew features
ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Editors' Picks

The best VPN software for 2024: Security, Speed, and Features Compared

March 5, 2024 - Updated on September 10, 2025
AI

10 AI Tools for Content Writers: Supercharge Your Writing with Artificial Intelligence!

June 5, 2023
Editors' Picks

Tesla ရဲ့ပထမဆုံးသော စက်ရုပ် Tesla Bot သို့မဟုတ် Optimus

October 3, 2022
Editors' Picks

What VPN is, How VPN works, What VPNs should we choose

September 28, 2022 - Updated on October 13, 2022
Bugs & Fix

Cloudflare outage puts a lot of popular websites offline

June 21, 2022 - Updated on October 7, 2022
Blockchain & Crypto

Myanmar’s NUG announces the country’s first digital currency, DMMK

June 20, 2022 - Updated on October 7, 2022
Next Post
Image - Samsung

Samsung will introduce its The Sero TV in Myanmar soon.

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.