ဒစ်ဂျစ်တယ်မြန်မာကျပ် (DMMK) ထည့်သွင်းအသုံးပြုလို့ရမယ့် NUGPay မိုဘိုင်းပိုက်ဆံအိတ်ကို Playstore မှာ ဒေါင်းလုဒ်ရယူနိုင်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က NUGPay တရားဝင် လူမှုကွန်ယက်စာမျက်နှာကနေတစ်ဆင့် ထုတ်ပြန်လိုက်ပါတယ်။
NUG က ဒစ်ဂျစ်တယ်မြန်မာကျပ် ( DMMK ) ကို ယခုနှစ် ဇွန်လ ၁၉ ရက်က စတင်မိတ်ဆက်ထားခဲ့ပြီး NUGPay အကောင့်ဖွင့်နည်းကိုလည်း မကြာသေးခင်က ထုတ်ပြန်ထားပါတယ်။
NUGPay အကောင့်ကို စတင်အသုံးပြုနိုင်ဖို့ သတ်မှတ်ထားတဲ့ အေးဂျင့်ကို ဆက်သွယ်ပြီး activation code ရယူရမှာ ဖြစ်ပါတယ်။ NUGPay agent များကို မြန်မာ၊ ထိုင်းနဲ့ စင်ကာပူနိုင်ငံများအတွက် စတင် ခန့်အပ်ထားပြီး အသေးစိတ်စာရင်းကို NUGPay စာမျက်နှာမှာ ကြည့်ရှုနိုင်ပါတယ်။

ဒါ့အပြင် DMMK ရဲ့ ငွေလဲဈေးနှုန်းကိုလည်း ဒီနေ့ စတင်ကြေညာထားပါတယ်။
ဒစ်ဂျစ်တယ် မြန်မာကျပ် (DMMK ) ၁ ကျပ်ဟာ မြန်မာကျပ် ၁ ကျပ်နဲ့ ညီမျှပြီး အမေရိကန်ဒေါ်လာ ၂၀၄၀ (ဝယ်ဈေး) /၂၀၉၅ (ရောင်းဈေး) သတ်မှတ်ထားပါတယ်။
ငွေလဲနှုန်းများကို အပတ်စဉ် ထုတ်ပြန်သွားမယ်လို့ သိရပြီး တိုးချဲ့မယ့် ဒေသတွေအတွက် ငွေလဲနှုန်းကိုလည်း ထပ်မံကြေညာသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Copy this code to get iMovies Points.