တိုက်ပွဲ ပြင်းထန်ခဲ့တဲ့ ကွတ်ခိုင်မြို့နယ် လွယ်ကန်ရွာမှာ စစ်ကောင်စီတပ်ဖက်က ၃ ဦး သေဆုံးခဲ့ပြီး ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်းတပ်မတော် (TNLA) ပူးတွဲတပ်ဖွဲ့တို့က လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူရဲ့ အလောင်းတွေကိုတော့ ရွာတွင်းရှိ ဘုန်းကြီးကျောင်းသွားတဲ့ လမ်းဘေးမှာ မီးရှို့ထားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ MNDAA၊ TNLA ပူးတွဲတပ်တို့အကြား ဇွန်လ ၁၅ ရက်ကနေ ၁၈ ရက်အထိ လွယ်ကန်ရွာအနီးမှာ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ တိုက်ပွဲကြောင့် ပန်ကူ စစ်ရှောင်စခန်းဘက် တိမ်းရှောင်နေကြတဲ့ လွယ်ကန်ရွာခံ (၃၀၀)ကျော်လည်း ဒီနေ့မနက် ၉ နာရီမှာ ရွာပြန်သွားကြပါပြီ။
Source:
ရွှေဖီမြေ