Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home Future Tech

သင့်ရဲ့ဖုန်းနဲ့ Small Gadget တွေကို အားသွင်းပေးနိုင်မယ့် အဝတ်စ

idigital news by idigital news
November 14, 2022
Reading Time: 2 mins read

ဆိုလာတွေကို ကမ္ဘာ့အနှံ့အပြားက လျှပ်စစ်မီးမရနိုင်ကြတဲ့နေရာတွေ သန့်စင်တဲ့လျှပ်စစ်စွမ်းအင် အများအပြားလိုအပ်တဲ့နေရာတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပါတယ်။စက်ရုံအလုပ်ရုံသုံး ပန်နယ်အကြီးကြီးတွေကနေ Power Bank ထဲ Build In ထည့်ထားလို့ရတဲ့ထိ သေးသေးလေးတွေလည်း ထုတ်လုပ်ကြပါတယ်။ဆိုလာကိုအသေးဆုံးနဲ့ အထိရောက်ဆုံးဖြစ်အောင်ဖန်တီးတဲ့နေရာမှာတော့ အင်္ဂလန်နိုင်ငံ နော်တင်ဟမ်မြို့က ‌Nottingham Trent တက္ကသိုလ်က E-textiles တစ်မျိုးနဲ့ နောက် Level တစ်ခုကိုယူဆောင်သွားပါပြီ။

ဆက်စပ်သတင်းများ

စမတ်ဖုန်းမှာတင် DSLR Camera Lens တပ်ဆင်အသုံးပြုလို့ရမယ့် Xiaomi ရဲ့ S12 Ultra Concept Phone

Meta က မိတ်ဆက်လိုက်တဲ့ ဒေါ်လာ ၁၅၀၀ တန် Quest Pro VR Headset အသစ်

အဲ့ဒါကတော့ အဝတ်စတစ်ခုထဲမှာ ဆိုလာအစလေးပေါင်း ထောင်ချီပြီးတော့ကို ထည့်ချုပ်ထားတာဖြစ်ပါတယ်။ဒါပေမဲ့အဝတ်စကလည်း ထွေထွေထူးထူးဖန်တီးထားတဲ့ အဝတ်စမဟုတ်ပဲ ပုံမှန်အဝတ်တွေလိုပဲ ဝတ်ဆင်လျှော်ဖွတ်လို့ရတဲ့ အဝတ်စပါ။ဆိုလာစပေါင်း ၁၂၀၀ ပါဝင်ပြီး နေရောင်အောက်မှာ လျှပ်စစ်ဓာတ်အား 400 milliwatts ထိထုတ်နိုင်တာကြောင့် မိုဘိုင်းဖုန်းတွေနဲ့ Small Gadget တွေကို အားကောင်းကောင်းသွင်းနိုင်တယ်လို့သိရပါတယ်။အဝတ်စကို တခြားအထည်တွေမှာတွဲဖက်ချုပ်ထားနိုင်ပြီး အပူချိန် 40°C မှာတခြားအဝတ်တွေနဲ့အတူတူလျှော်ဖွတ်နိုင်ပါတယ်။ရေစိုခံပိုလီမာ Resin တွေကိုလည်းသုံးထားလို့ ရေစိုမယ့်ဒဏ်ကို ကြောက်စရာမလိုတဲ့အပြင် ဝတ်တဲ့သူကလည်း ဆိုလာတွေရှိနေမှန်းတောင် ခံစားရမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ဆိုလာလေးတွေဟာ တစ်ခုကို 1.5mm လောက်ကျယ်ပြီး 5mm အရှည်ရှိကာ တစ်ခုချင်းစီကို ဆီလီကွန်နဲ့လုပ်ထားတာကြောင့် တော်ရုံတန်ရုံထိခိုက်တဲ့ဒဏ်ကို ခံနိုင်တယ်လို့သိရပါတယ်။ဆိုလာပြားလေးတွေစုစုပေါင်းဟာ 0.86 နေရောင်အောက်မှာ 335.3mW ထိထုတ်လုပ်နိုင်ပါတယ်။

Dr. Theodore Hughes-Riley and his team

ဒီပရောဂျက်ကိုဖန်တီးသူကတော့ တက္ကသိုလ်ရဲ့ အနုပညာနဲ့ဒီဇိုင်းပိုင်းက Dr.Theodore Hughes-Riley နဲ့အဖွဲ့ပါ။သူကလည်း ဒီပရောဂျက်ဟာ အဝတ်အစားတွေ ဒီဇိုင်းပိုင်းတွေနဲ့ လူတွေနေ့စဥ်အသုံးပြုနေကြတဲ့ Electroin Device တွေကိုချိတ်ဆက်ဖို့ ခြေလှမ်းသစ်တစ်ခုဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ E-textiles တွေဟာနဂိုတကည်းက Build-in လျှပ်စစ်ပစ္စည်းတွေပါဝင်တဲ့ အဝတ်အစားတွေရှိကြပေမဲ့ ဆိုလာပြားပါတာကတော့ ခုမှပထမဆုံးဖြစ်ပါတယ်။

ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Future Tech

စမတ်ဖုန်းမှာတင် DSLR Camera Lens တပ်ဆင်အသုံးပြုလို့ရမယ့် Xiaomi ရဲ့ S12 Ultra Concept Phone

November 14, 2022
Future Tech

Meta က မိတ်ဆက်လိုက်တဲ့ ဒေါ်လာ ၁၅၀၀ တန် Quest Pro VR Headset အသစ်

October 14, 2022
Editors' Picks

Tesla ရဲ့ပထမဆုံးသော စက်ရုပ် Tesla Bot သို့မဟုတ် Optimus

October 3, 2022
Burma Spring Revolution

ကမ္ဘာ့ဈေးအကြီးဆုံး အဆင့် ၂၂ ဖြစ်လာတဲ့ PDF တပ်သားလေးရဲ့ ဖိနပ်

March 23, 2022
Blockchain & Crypto

သိထားသင့်သော Crypto လောက အသုံးအနှုန်းများ

February 14, 2022 - Updated on September 26, 2022
Blockchain & Crypto

USDT ဆိုတာဘာလဲ၊ Crypto ငွေကြေးစနစ်အကြောင်းတစေ့တစောင်း

December 12, 2021 - Updated on March 3, 2022
Next Post

iPhone 15 Series ရဲ့ ဖြစ်နိုင်ဖွယ်ပုံရိပ်များ ထွက်ပေါ်လာ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.